May 8, 2022

အိန္ဒိယနိုင်ငံ မဟာရက်ရ်ထှရာပြည်နယ်မှာ အပူလွန်ကဲမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့

နယူးဒေလီ ၊ မေ (၈) အိန္ဒိယနိုင်ငံအနောက်ပိုင်းမဟာရက်ရ်ထှရာ ပြည်နယ်မှာ မတ်လနှောင်းပိုင်းမှစတင်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ကာ လွန်ခဲ့သည့်ငါးနှစ်အတွင်း အမြင့်ဆုံးသေဆုံးမှုဖြစ်ခဲ့ပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် အပူချိန်မြင့်တက်နေသည့် အခြားနေရာတွေမှာလည်း သေဆုံးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များက ပြင်းထန်သောနွေရာသီရဲ့ အစောပိုင်းအစမှာ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေပြီး အိန္ဒိယနှင့် အိမ်နီးချင်းပါကစ္စတန်ရှိ လူဦးရေ တစ်ဘီလီယံကျော်ဟာ…

တရုတ်မှာ ကျင်းပမယ့် အားကစားပြိုင်ပွဲကို ကိုဗစ်ကြောင်ရွှေ့ဆိုင်းခဲ့ရ

ဘေဂျင်း – မေ(၈) တရုတ်မြို့တော် ဟန်ဇုန်မှာ ကျင်းပမယ့် အားကစားပွဲတွေကို ကိုဗစ်-19 ကြောင့် မသေချာတော့တဲ့ အချိန်ထိရွှေ့ဆိုင်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အားကစားပြိုင်ပွဲတွေကို စက်တင်ဘာလ(၁၀) ရက်နေ့ကစပြီး (၂၅) ရက်နေ့အထိ ကျင်းပဖို့ အတွက် စီစဉ်ထားပေမယ့် နိုင်ငံတဝှမ်းမြင့်တက်လာတဲ့ ကိုဗစ်ကူးစက်မှုတွေကို တရုတ်အစိုးရ ကထိန်းချုပ်ဖို့ကြိုးစားနေရတဲ့အတွက် အားကစားပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ မြို့တော်ရှန်ဟိုင်း က…

သီရိလင်္ကာ သမ္မတက နိုင်ငံကို အရေးပေါ်အခြေအနေ ဒုတိယအကြိမ်ထပ်မံကြေညာ

ကိုလံဘို – မေ(၈) သီရီလင်္ကာသမ္မတက သူ့ကို ရာထူးကနှုတ်ထွက်ပေးဖို့ သပိတ်မှောက်မှုတွေကြာင့် ဒုတိယအကြိမ် နိုင်ငံအရေးပေါ်ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဆူပူအုံကြွမှုတွ ရပ်တန့်ဖို့ အခွင့်အာဏာ ပြည့်ပေးအပ်ခဲ့ပါတယ်။ စီးပွားရေးအကြပ်အတည်းတွေကြောင့် သမဂ္ဂအဖွဲ့ဝင်တွေက သူ့ကို အပြစ်တင်ဝေဖန်တာတွေ ရှိခဲ့ပြီး စျေးဆိုင်တွေပိတ်သိမ်းတာနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့် ခဲ့တဲ့အထိ အုံကြွမှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ တင်းကြပ်တဲ့ ဥပဒေတွေကို လိုက်နာဖို့ သမ္မတ ရဲ့ပြောရေးဆိုခွင့်ရှိသူက…

အာဏာသိမ်းစစ်တပ်က တပ်သားတွေကို လစာမထုတ်ပေး

မော်လမြိုင် ၊ မေ (၈) စစ်ကောင်စီရဲ့ ရှေ့တန်းရောက်တပ်သားတွေကို လစာထုတ်ပေးတာမရှိပဲ ဘဏ်အကောင့်မှာ ပဲစုထားရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ CDM ဗိုလ်ကြီး အောင်မျိုးထက်က သံလွင်တိုင်းမ်ကို အတည်ပြုပြောပါတယ်။ စစ်သည်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုပိုများအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ပိုင်မြဝတီဘဏ် မှာ ငွေစုခိုင်းပြီး CDM မလုပ်အောင်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့တန်းရောက်နေတဲ့ လူပျိုစစ်သည်တွေကို လစာမထုတ်ပေးတော့ဘူး ကိုယ်ပိုင်အကောင့်တွေ…

မွန်က နှစ်ရှည်သစ်သီးဝလံ စိုက်ပျိုးသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ မေ (၈) သွင်းအားစု ဓာတ်မြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံးပစ္စည်းတွေ အဆမတန် ဈေးနှုန်း ကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်အတွင်းက နှစ်ရှည်သစ်သီးဝလံတွေ ဖြစ်တဲ့ ဒူရင်း၊ ကြက်မောက်နဲ့ မင်းဂွတ်သီး စိုက်ပျိုးသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ နှစ်ရှည်သစ်သီးဝလံစိုက်ပျိုးသူတွေက ပြောပါတယ်။ နှစ်ရှည်သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ အခုအခါ သီးနှံပေါ်ကာလဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ…

KNLA တပ်မဟာ ၅ ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်

ဖာပွန် ၊ မေ (၈) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဗျူဟာမှူး သစ်အဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ကျောက်ညှက် စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၅…

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အပစ်ရပ် ၅ ဖွဲ့ သွားရောက် တွေ့ဆုံမည်

မော်လမြိုင် ၊ မေ (၈) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့ သွားရောက် တွေ့ဆုံသွားမယ်လို့ အပစ်ရပ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။…

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် မသန်စွမ်းသူ အားလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်

မော်လမြိုင် ၊ မေ (၈) ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ ရပ်နားလာမှုနဲ့အတူ အလုပ်ကနေ ထုတ်ပယ်ခံရတာကြောင့် မသန်စွမ်းသူ အားလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရတယ်လို့ မသန်စွမ်း အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သုတေသနစစ်တမ်းတွေအရ နိုင်ငံရဲ့ မသန်စွမ်းသူ ၁၅ ရာခိုင်နှုန်းဟာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာပါ။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့…