April 2022

ကြွေးမြီးပြန်လည်ပေးဆပ်မှုနဲ့ ပတ်သက်ပြီး သီရိလင်္ကာနဲ့ တရုတ်စတင်ဆွေးနွေး

ကိုလံဘို – ဧပြီ(၂၈) ရာစုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းတွေကိုရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ ကြွေးမြီးတွေပြန်ပေးဆပ်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ဆွေးနွေ မှုကိုစတင်လိုက်တယ်လို့အဆိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နိုင်ငံရဲ့အကြွေးကိုပြန်လည်ပေးဆောင်ဖို့လိုတယ်ဆိုပြီး တရုတ်နိုင်ငံက သီရီလင်္ကာကို သတိပေးထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဂိုဒါဟီဝါက ပြောပါတယ်။ “IMFအနေနဲ့သီရီလင်္ကာကိုစေ့စပ်ဆောင်ရွက်နေပြီဖြစ်တာကြောင့် တခြားသော နိုင်ငံတွေရဲ့အကူ အညီရနေပြီဆိာတာလည်း သိထားရပါမယ်။ ကမ္ဘာ့ဘဏ်နဲ့ တခြားသော အေဂျင်စီတွေကလည်း ကူညီကြမယ်လို့ဆိုတဲ့…

ပြည်တွင်း စားသုံးဆီဈေးနှုန်း ဆက်လက် မြင့်တက်လာ

မော်လမြိုင် ၊ ဧပြီ (၂၈) မွန်ပြည်နယ်မှာတော့ သင်္ကြန်ကာလနောက်ပိုင်း ကမ္ဘာ့ စားသုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း စားသုံးဆီးဈေးနှုန်း လိုက်တက်လာတယ်လို့ စားသုံးဆီ အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်သည်တွေက ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ သင်္ကြန်ကာလ မတိုင်ခင်က ၁၀ ပိဿာ တစ်ပုံးကို ကျပ် ၆၅၀၀၀ ဝန်းကျင်မှာ ရှိခဲ့ရာမှ သင်္ကြန်ကာလနောက်ပိုင်းမှာတော့ ကျပ် ၇၀၀၀၀…

ဆေးတက္ကသိုလ်က ဘွဲ့ရပြီး နိုင်ငံဝန်ထမ်း မလုပ်ရင် ကျပ်သိန်းခြောက်ရာ ပေးလျော်ရမည်

ရန်ကုန် ၊ ဧပြီ (၂၈) ဆေးတက္ကသိုလ်တွေမှာ ဝင်ခွင့်ရပြီး တက်ရောက်ကြမယ့်သူတွေအနေနဲ့ ဆေးပညာဘွဲ့ရရှိပြီးနောက် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ပါက ကျပ်သိန်းခြောက်ရာတိတိ လျော်ကြေးပေး ရမယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေမှာ တက်ရောက်မယ့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကတိခံဝန်ချက် စာချုပ်တစ်ရပ် မဖြစ်မနေ ချုပ်ဆိုရမှာ ဖြစ်ပါတယ်။…

ကရင်နီပြည်နယ်မှာ အုပ်ချုပ်ရေးကော်မတီ အမြန်ဆုံး ဖွဲ့စည်းသွားမယ်လို့ KNPP ပြော

လွိုင်ကော် ၊ ဧပြီ (၂၈) ကရင်နီပြည်နယ်မှာ NUG အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လက်မခံတာကြောင့် အုပ်ချုပ်ရေး ကော်မတီကို အမြန်ဆုံး ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ KNPP က ကရင်နီပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)…

ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခံရ

နေပြည်တော်၊ ဧပြီ ၂၇ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒီအမှုအတွက် ဒီက‌နေ့ ဧပြီ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်…

ကန်ချနပူရီမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖမ်းဆီးခံရ

ဘန်ကောက် – ဧပြီ(၂၇) ဆူရာဆီ တက်စ်ဖို့စ် မှ တပ်မတော် ကင်းလှည့်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ တရားမဝင် ဝင်ရောက်လာပြီး အလုပ်ရှာဖွေသူတွေကို မတူညီတဲ့နေရာ (၃) ခုမှာ ဖမ်းမိခဲ့ပြီး ထွန်ဖာဖွန် ၊ မောင်း၊ ဘန်ဟွေးနန်းခေါင် နဲ့ ဒမ်မာခမ်တိုင်တို့က…

ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေဆွေးနွေးပွဲမစခင် တတိယကမ္ဘာစစ် အတွက် ရုရှားသတိပေး

မော်စကို -ဧပြီ(၂၇) စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို လက်နက်တွေ ထပ်မံပေးပို့ဖို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာ မိတ်တွေက တွေ့ဆုံမှု မတိုင်ခင် တတိယကမ္ဘာစစ် ရဲ့ခြိမ်းခြောက်မှု အစစ်အမှန်ကို ရုရှားက သတိပေးခဲ့ပါတယ်။ ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားတပ်တွေကို ပြန်လည်ခုခံဖို့ နိုင်ငံတွင်းကို အနောက်နိုင်ငံတွေက လက်နက်အင်အားပံ့ပိုးကူညီမှုတွေဟာ ပိုမိုအရှိန်ဟုန်မြင့်စေခဲ့တာပါ။ ဒါပေမယ့်နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ရုရှားနဲ့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် အနောက်အင်အားကြီးနိုင်ငံတွေက…

ဂျပန်မှာ ပျောက်ဆုံးနေတဲ့ လှေပေါ်ပါ ကလေးငယ်အပါအဝင် လူဆယ်ယောက်ကျော်သေဆုံး

တိုကျို – ဧပြီ(၂၇) ပြီးခဲ့တဲ့စနေနေ့က လူ(၂၆) ယောက်တင်ဆောင်ထားတဲ့ ဂျပန်ရှုခင်းကြည့်လှေတစ်စီး ပျောက်ဆုံးခဲ့ပြီး လူ(၁၁)ယောက်အထိသေဆုံးထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသား(၇)ယောက်အမျိုးသမီး(၃)ယောက်နဲ့ ကလေး(၁) ယောက်ပါဝင်ပြီး တချို့သူတွေကိုတော့ ရေထဲမှာ သတိမေ့မျောနေစဉ်ရှာတွေ့ခဲ့သူတွေနဲ့ ကမ်းပါးပေါ်မျောပါသွားသူတွေရှိတယ်လို့ သိရပါတယ်။ လှေပေါ်ပါလူ(၂၆)ယောက်မှာ (၂၄)ယောက်ကခရီးသွားဧည့်သည်တွေဖြစ်ပြီး ကျန်(၂)ယောက်မှာ ကပ်ပတိန်နဲ့သူ့နောက်လိုက်တို့ဖြစ်ပြီး အဲဒီထဲမှာ ကလေး(၂)ယောက်ပါဝင်တယ်လို့သိရပါတယ်။ ကာဇူ(1) လို့အမည်ရတဲ့ လှေဟာ ဂျပန်မြောက်ဘက်အကျဆုံးက…

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသား တစ်ထောင်နီးပါး နယ်ထောင် ပြောင်းခံရ

ရန်ကုန် ၊ ဧပြီ(၂၇) ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ နှစ်ကြီးအကျဉ်သား တစ်ထောင်နီးပါးကို နယ်ဘက်ထောင်တွေထံ ပြောင်းရွှေ့နေတယ်လို့ အမည်မဖော်လိုတဲ့ အင်းစိန်အကျဉ်းထောင် အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ (က)၊ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲပြီးနောက် ပြစ်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသားတွေကို ဧပြီလ(၂၄) ရက်နေ့ကစပြီး နယ်ဘက်ထောင်တွေကို…