နေပြည်တော် – ဧပြီ(၃၀)

အရှေ့တောင်အာရှအာကစားပြိုင်ပွဲမှာ ဆုတံဆိပ်ရတဲ့ အားကစားသမားတွေကို လူမှုထူးချွန် ပထမအဆင့်ဆုပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

ဗီယက်နိုင်ငံမှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအားကစားအဖွဲ့တွေအောင်နိုင်ရေးအလံတင်အခမ်းအနားမှာ သူကပြောခဲ့တာပါ။

“(၇၇)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမှာ အာရှအားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရရှိခဲ့ ကြသူ နိုင်ငံဂုဏ်ဆောင်အားကစားသမား(၁၂)ဦးနှင့် အရှေ့တောင်အာရှအားကစားသမားများ အနက်မှ(၂၄) ဦးကိုလူမှုထူးချွန်ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ကျန်အားကစား သမားများကိုလည်း ဆက်လက်ပြီးစီစစ်ခွင့်ပြုသွားမှာဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင်လည်း နိုင်ငံတော်အတွက်ဆုတံဆိပ်များ ရယူပေးမယ့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူအခွင့်အရေးများရရှိလာမယ်ဖြစ်ကြောင်း” အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆို ခဲ့တာပါ။



ဒါ့အပြင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် နယ်ပယ်စုံ ကဏ္ဍစုံ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေပြီး အားကစားကဏ္ဍကိုလည်း နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုးတက်စေဖို့ စနစ်တကျ အစီအမံချဆောင်ရွက်ပေးနေတယ်လို့ သူကပြောပါသေးတယ်။

“ကျွန်တော်တို့နိုင်ငံက မင်းအောင်လှိုင်လုပ်မှပဲ ဆုတွေကိုလမ်းဘေးက ပေါပေါပဲပဲ ပုံစံလျှောက်ပေးနေတာ ပေးသင့်ပေးအပ်တဲ့သူတွေကိုပေးတာဘာမှဝေဖန်စရာမရှိပေမယ့် လမ်းဘေးကအလကားရသလိုလျှောက်ပေးပြီး နိုင်ငံခေါင်းဆောင်ရူးတဲ့ပုံစံလုပ်နေတာကတော့ တော်တော်မကောင်းတာပါ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် သူများတွေကိုဆုပေးတာနဲ့ သူကိုယ်တိုင်ပေးတဲ့ဆုကို ပြန်ယူတာ ဝါသနာဖြစ်နေတာလား ရူးနေတာလားမသိဘူးဆိုပြီး လည်း သူကပြောပါသေးတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့်(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ(၂၉၃)ဦးက အားကစားနည်း(၂၀) ကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ် လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.