မော်လမြိုင် – ဧပြီ(၃၀)
အကြမ်းဖက်စကစဟာ သူတို့ဘက် အထိနာစေမှုမရှိရင် အရာရာကို တဇွတ်ထိုး လုပ်တတ်ပါတယ်။ အထိနာပြီဆိုရင်လည်း အကြောင်းပြချက်မျိုးစုံ ကလိမ်ဉာဏ်ဆင်ပြီး ဇော်မဲလုံးက ဖြေရှင်းချက် ပေးလေ့ရှိတာကို ပြည်သူတိုင်းသိနေကြပြီးလည်းဖြစ်ပါတယ်။ စကစဘက်က စတင်ဖြေရှင်းပြီးဆို သေချာပါတယ်။ သူတို့တွေ အထိနာနေပါပြီ။
စစ်အုပ်စုရဲ့ စစ်ကြောင်းတွေ ထိခိုက်ကျဆုံးများလာပြီဆိုရင် အပစ်ရပ်စဲရေး ကြေညာတော့တာပဲ။ ခုနောက်ဆုံးမှာ တပ်ရင်းလိုက် ပြုတ်တာတွေဖြစ်လာလို့ မအလကိုယ်တိုင် သမ္မတရူးပြီး သမ္မတဖြစ်ချင်ပေမဲ့ ရှုံးနိမ့်မှုတွေကြောင့် “ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်” ဆိုပြီး ပြောလာတာဟာ သိသာထင်ရှားပါတယ်။
အခုလည်း ပြည်သူအားနဲ့ MOGE ရေနံငွေ (တစ်နည်း) စစ်အုပ်စုရဲ့ အသက်သွေးကြော ဝင်ငွေရလမ်းကြောင်း ပြတ်တောက်ခါစ ဖြစ်လာပြီမို့လို့ ဖြေရှင်းချက်များစွာ ထုတ်လာပါပြီ။ Liquefied Natural Gas Project အသစ်တစ်ခု ရင်းနှီးမြှုပ်နှံဖို့ စကစဘက်ကလက်ခံတော့မယ်ဆိုတဲ့ သတင်းတစ်ခု သတင်းဌာနအချို့က တက်လာခဲ့ပြီ။
(Gas Projects Companies) စွမ်းအင်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံကပြန်လည်ထွက်ခွာ သွားခြင်းနှင့် ပတ်သက်ပြီး ပြဿနာအကြီးအကျယ်မရှိဘူးလို့ တုန့်ပြန်ချက်တွေပေးနေပြီ။
“ကျန်သည့်အစုရှယ်ယာရှင်များက နေရာဝင်ယူ၍ လုပ်ငန်းများ ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံကိန်းများ ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်း” ကိုလည်း အာမခံပါကြောင်းတွေပြပြီး ရင်းနှီးမြှုပ်နှံသူတွေကို စည်းရုံးနေပြီ။ အခြားတစ်ဖက်ကတွေးရင် ငွေဝင်ပေါက်က လုံးဝမပိတ်သေးဘူး။ တို့အတွက်လက်နက်ဝယ်စရာငွေတွင်းက အခုထိတည်မြဲသေးတယ်ဆိုပြီး ပြည်သူရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်။
“မြန်မာနိုင်ငံမှ ထွက်သွားသည့် ရေနံကုမ္ပဏီများနှင့်ပတ်သက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ သုံးခုရှိပါကြောင်း၊ ထိုသို့ ထွက်သွား ရသည့် အကြောင်းရင်းမှာ လုပ်ငန်းများပြီးဆုံးပြီး ရှာဖွေမှုတွက်ခြေ မကိုက်မှု၊ လက်ရှိအစိုးရအပေါ် မကျေနပ်မှုနှင့် ပြင်ပဖိအားပေးခြင်း ခံရမှုများကြောင့် ဖြစ်နိုင်ပါကြောင်း၊ အဓိကအားဖြင့် ၎င်းတို့ဆောင်ရွက် နေသည့် လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်မှု ကျဆင်းလာပြီး နှစ်အနည်းငယ်တွင် ထုတ်လုပ်မှုများ ပိုမိုကျဆင်းတော့ မည်ဖြစ်သည့်အတွက် ထွက်သွားလိုခြင်း ဖြစ်နိုင်ပါကြောင်း၊ လူ့အခွင့် အရေးသည် အကြောင်းပြချက်သာဖြစ်ပါတယ်” ဆိုတာတွေကိုကြည့်ရင် ဆင်သေကို ဆိတ်သားရေနဲ့ဖုံးပြီး ပြည်သူကိုဝေဝါးသွားအောင်လုပ်နေတာပဲဖြစ်တယ်။ လူ့အခွင့်အရေးကို မည်သည့်အခါကမှ အလေးမထားဂရုမစိုက်တဲ့စစ်တပ်ဟာ ယခုလည်း လူ့အခွင့်အရေးဆိုတာ ဘာမှအရေးမပါတဲ့အချက်ပါလို့ ပေါ်တင်စော်ကားလိုက်တာပဲဖြစ်တယ်။
တရုတ်ကိုလည်း ခုတုံးလုပ်ပြီး ပြည်သူကို စတင်ခြမ်းခြောက်လာပြီ။
PTT(ထိုင်း) POSCO(ကိုရီယား) တို့နဲ့ ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ စကစတို့လက်တွဲလို့မရတော့အောင် အပြတ်ဖြတ်နိုင်တဲ့ အရာရှိပါတယ်။ US Sanction MOGE ပါ။ လာမယ့် global call မှာ ပြည်သူတို့ရဲ့အားနဲ့ တော်လှန်ရေးအပြီးသတ်နိုင်အောင် အားစိုက်တွန်းကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ အင်အားတဖန် ပြန်လည်မွေးပြီး စစ်အုပ်စု အသက်သွေးကြော MOGE ရေနံငွေကို ဖြတ်တောက်ကြရပါမယ်။
“စစ်အုပ်စုအမြစ်ပြတ်ဖို့ ရေနံငွေတွေဖြတ်တောက်စို့”
“အရေးတော်ပုံအောင်ကိုအောင်ရမည်”
#US_SanctionMOGE
#TakeAction_NoMoreWords
#FreezePaymentsToJunta
#KeepInEscrowAccount