ဘန်ကောက် – ဧပြီ(၃၀)

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်အနီးက ကာစီနိုတစ်ခုမှာ ထိုင်းအမျိုးသမီး(၃၀၀)လောက်ကို ပြည့်တန်ဆာ အဖြစ်အတင်းအကြပ်ခိုင်းစေခံနေရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့အသက်(၂၅) နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ 

အမည်မဖော်လိုသူအမျိုးသမီးက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတိုင်ကြားဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက လိင်ဝန်ဆောင်မှုတွေနဲ့မသက်ဆိုင်ကြောင်း အခိုင်အမာပြောဆိုခဲ့တဲ့  Net Idol အမည်ရှိ အွန်လိုင်းက တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုပြုလုပ်ပြီး အိမ်နီးချင်းနိုင်ငံနယ်စပ်ဒေသမှာ ဆက်ဆံရေးနဲ့ ဖျော်ဖြေရေးဆိုင်ရာ အလုပ်အကိုင်တွေလျှောက်ထားဖို့ အမျိုးသမီးတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ သူမက ပြောပါတယ်။ 

မြဝတီမြို့က ကာစစီနိုရုံကိုရောက်ချိန်မှာ ဝန်ထမ်းတွေက သူမကို ပြည့်တန်ဆာအဖြစ်အတင်းအဓမ္မစေ ခိုင်းခဲ့ပြီး ငြင်းဆိုပါက ဘတ်ငွေ(၂၅၀၀၀) ပြန်လျော်ရမယ်လို့ သူ့ကိုချိန်းခြောက်ခဲ့ပြီး သူမလို ခံစားနေရ တဲ့ ထိုင်းအမျိုးသမီးအယောက်(၃၀၀)လောက်ရှိနိုင်တယ်လို့ သူကပြောပါသေးတယ်။ 

Survive network က ဒီလအစောပိုင်း က လွတ်မြောက်လာသူနဲ့အတူ အမျိုးသမီးတစ်ယောက် မြန်မာနဲ့ ထိုင်းနိုင်ငံကြားက သောင်ရင်းမြစ်မှ မီတာ(၄၀၀) အကွာမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အတွက် အကူအညီတောင်းခဲ့တာရှိတယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၀) ရက်နေ့ ညနှောင်းပိုင်းက မြန်မာစစ်သားတွေ တာဝန်ပြောင်းချိန်မှာ သူမနဲ့အတူ ထိုင်း အမျိုးသမီးတစ်ယောက် လောင်းကစားရံုက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မြန်မာစစ်သားတွေက သူတို့ ကို လိုက်ရှာရင်း ထိုင်းနယ်စပ်ကို ရောက်တဲ့အချိန် ကမ်းဖြတ်ကူးဖို့ ထိုင်းစစ်သားတွေကို အကူအညီ တောင်းခံခဲ့ပြီး ထိုင်းစစ်သားတွေက သူတို့ကို မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ရေကူးခိုင်းခဲ့တာ ဖြစ်တယ်လို့ Survive network က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးမှာ အမျိုးသမီးနဲ့တွေ့ဆုံချိန် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲ က ရဲမှူးချုပ် ဝီဝပ် ခမ်ချမ်မာန်က အမျိုးသမီးကို နောက်ဆက်တွဲအရေးယူမှုတွေမပြုလုပ်မီ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.