လန်ဒန် – ဧပြီ(၂၉)

အင်္ဂလန်ပရီးမီးယားလိဂ်ဟာ တောင်အာရှနိုင်ငံတွေက လူငယ်ဘောလုံးသမားတွေကို ပရော်ဖက် ရှင်နယ်ဘောလုံးသမားတွေအဖြစ်တိုးတက်အောင်ကူညီနိုင်မယ့် နည်းလမ်းတွေကို စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဆင့်အတန်းခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့ Kick it Out နဲ့ပူးပေါင်းပြီး အဲ့ဒီအစီအစဉ်ကို လူမည်း၊ အာဆီယံနဲ့တခြားသော တိုင်းရင်းသားအစုအဖွဲ့တွေအတွက် ကစားပုံ၊နည်းပြပုံနဲ့ စီမံရေးဆိုင်ရာ လမ်းကြောင်းတွေမြင့်တက်စေဖို့ကူညီနိုင်ဖို့ ဦးတည်တဲ့ လူမျိုးအစွန်းရောက်မှုတွေအတွက် နေရာ မရှိဆိုတဲ့ အစီအစဉ်(NO Room for Racism Plan) ရဲ့အစီအစဉ်တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအစီအစဉ်ဟာ အသက်(၉)နှစ်ကနေ(၁၁)နှစ်အောက် တောင်အာရှ ကိုယ်စားပြု ကစားသမားတွေထွက်ပေါ်လာဖို့ ဦးတည်မှာဖြစ်ပြီး လူငယ်ကစားသမားတွေအတွက် အားကစား လောကကို ဝင်ရောက်ဖို့ ပိတ်ပင်ထားတဲ့ အတားအဆီးတွေကိုလည်း သုတေသနပြုလုပ်မယ့် အစီအစဉ်လည်းပါရှိပါတယ်။

ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ထားတဲ့ ကျွမ်းကျင်ဘောလုံးသမားအသင်းချုပ်(PFA) ကထုတ်ပြန် ထားတဲ့အချက်အလက်တွေအရ အင်္ဂလန်ဘောလုံးထိပ်တန်းလိဂ်တွေမှာ တောင်အာရှ ကစားသမား (၁၆) ယောက်သာရှိတယ်လို့ သိရပါတယ်။ 

“တောင်အာရှဆောင်ရွက်ရေးအစီအမံသည် အကယ်ဒမီစနစ်အတွင်းနှင့် ကွင်းထဲအထိပါ စုံလင်ကွဲပြားတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ရှာဖွေဖို့ နှင့် အရည်အချင်းမြင့်တင်ပေးဖို့ ကျွန်ုပ်တို့ စွမ်းဆောင်စေနိုင်မှာပါ” လို့ ပရီးမီးယားလိဂ် ဘောလုံးဒါရိုက်တာ နယ်လီ ဆောင်ဒါ က ပြောပါတယ်။ 

အင်္ဂလန်ခရစ်ကဒ် ကစားသမားဟောင်း Azeem Rafiq ဟာလည်း အသင်းအတွက် လူမျိုးရေးခွဲ ခြားမှုတွေရဲ့သားကောင်ဖြစ်ခဲ့တဲ့အတွက် အင်္ဂလန်ခရစ်ကဒ်အားကစားလောကမှာလည်း တောင် အာရှကစားသမားချို့တဲ့မှုကိုဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.