ဆိုးလ် ၊ ဧပြီ (၃၀)

နိုင်ငံရဲ့ နောက်ဆုံးအဆင့်ဖြစ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့အတွက် အိမ်ပြင်ပ Mask တပ်ဆင်ခြင်း ပြဌာန်းချက်ကို လာမည့်သီတင်းပတ်မှာ ရုပ်သိမ်းမှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ကင်မ်ဘူကယွန် က နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေ တည်ငြိမ်နေချိန်မှာ အစိုးရက ၎င်းရဲ့ နိုင်ငံသားများ ကြုံတွေ့နေရသော အဆင်မပြေမှုများကို မကြည့်ရက်နိုင်တော့သည့် အတွက်ကြောင့် ယခုဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူများအနေဖြင့် လူများစုဝေးပွဲများ၊ ဖျော်ဖြေပွဲများနှင့် အားကစားကွင်းများကဲ့သို့ လူဦးရေ ၅၀ ဦး နဲ့ ၎င်းထက်ပိုသော အဆိုပါနေရာတွေမှာ mask ကို ဝတ်ဆင်ရန် လိုအပ်ကြောင်း ကင်မ် က ပြောကြားခဲ့ပါတယ်။

အသစ်ရွေးချယ်ခံရသော သမ္မတ ယွန်းစွတ်ယိုရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ထို ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ဆန့်ကျင်မှုများလည်း ရှိနေတာ ဖြစ်ပါတယ်။

စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ညမထွက်ရအမိန့်အပါအဝင် ကူးစက်ရောဂါနှင့်ဆက်နွှယ်သည့် ကြိုတင်သတိပေးချက် အများစုကို တောင်ကိုရီးယားမှ ပယ်ဖျက်ထားပြီးဖြစ်ပါတယ်။

နိုင်ငံတွင်း ကာကွယ်ဆေးအား ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံခြင်းဖြင့် သေဆုံးမှုနှင့် အခြား အရေးကြီးသောရောဂါဖြစ်ပွားမှုတွေကို ကန့်သတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ခြေရာခံခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကိုတော့ အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ခဲ့သည့်အတွက် ကပ်ရောဂါဖြစ်ပွားပြီး ပထမနှစ်နှစ်တာ ကာလအတွင်း အောင်မြင်မှု ဇာတ်လမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားလူဦးရေ ၅၂ သန်းရဲ့ ၈၇% နီးပါးဟာ ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံထားပြီး ၆၅% မှာ အားဖြည့်ကာကွယ်ဆေးပါ ထိုးနှံထားပြီးဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ အချက်အလက်များအရ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.