မော်လမြိုင် ၊ ဧပြီ (၂၈)

မွန်ပြည်နယ်မှာတော့ သင်္ကြန်ကာလနောက်ပိုင်း ကမ္ဘာ့ စားသုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း စားသုံးဆီးဈေးနှုန်း လိုက်တက်လာတယ်လို့ စားသုံးဆီ အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်သည်တွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ သင်္ကြန်ကာလ မတိုင်ခင်က ၁၀ ပိဿာ တစ်ပုံးကို ကျပ် ၆၅၀၀၀ ဝန်းကျင်မှာ ရှိခဲ့ရာမှ သင်္ကြန်ကာလနောက်ပိုင်းမှာတော့ ကျပ် ၇၀၀၀၀ ကျော်ထိ တစ်ပုံးကို ကျပ် ၅၀၀၀ လောက် ဈေးနှုန်း မြင့်တက်လာတာပါ။

စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စားသုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ သယ်ယူပို့ဆောင်အရေး အခက်အခဲကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် ဝယ်ယူ စုဆောင်းတွေ များလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ကြမ်းနေတယ်လို့ စားသုံးဆီ အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်သည်တွေက ဆိုကြပါတယ်။



စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကတော့ ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်တွေမှာ ဆီလက်ကျန် တန် သုံးသောင်း ကျော် ကျန်ရှိနေသေးကြောင်းနဲ့ ပြည်ပ စားအုန်းဆီ တင် သင်္ဘောတွေလည်း ပုံမှန်ဝင်ရောက်လျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စားသုံးဆီတွေကို မလေးရှားနဲ့ထိုင်းနိုင်ငံတို့က အဓိက တင်သွင်း ရောင်းချတာ ဖြစ်ပြီး ပြည်တွင်းမှာ ထွက်ရှိတဲ့ စားသုံးဆီတွေကို ရာခိုင်နှုန်း အနည်းငယ်သာ အရောင်းအဝယ် ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.