ကရာချီ – ဧပြီ (၂၈) 

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမြို့မှာရှိတဲ့ တရုတ်ဘာသာစကား သင်ကြားရေး စင်တာ အနီးမှာ အသေခံဗုံးဖောက်ခွဲမှုလို့ ယူဆရတဲ့ ကားဗုံးပေါက်ကွဲမှုမှာ  တရုတ်နိုင်ငံသား ဆရာမ သုံးဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဆရာတစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

ဧပြီ လ ၂၆ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ကရာချီတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ် အင်စတီ ကျုအနီးက ဗင်ကားတစ်စီးထဲမှာ ဖြစ်ပွားခဲ့တာလို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Rana Sana Ullah က မီဒီယာတွေကိုဖြေကြားထားပါတယ်။

CNNသတင်းက ဖော်ပြချက်တစ်ခုမှာတော့ ဒီဗုံးပေါက်မှုဟာ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း အခြေစိုက် Balochistan ပြည်နယ်မှ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Baloch လွတ်မြောက်ရေး တပ်မတော် (BLA) ရဲ့လက်ချက်ဖြစ်နိုင် တယ်လို့ဖော်ပြထားပါတယ်။

 “တရုတ်ပြည်သူတွေရဲ့ သွေးတွေကို အချည်းနှီးမသွန်းသင့်ဘူး၊ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က လုပ်ဆောင်သူတွေ ဒီအတွက်ပေးဆပ် ရမှာ သေချာပါတယ်” လို့တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပါကစ္စတန်အနေနဲ့ ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေဖို့၊ တာဝန်ရှိသူများကို အပြစ်ပေးခြင်း၊ တရုတ် နိုင်ငံသားတွေ ဘေးကင်းစေဖို့နဲ့ ဒီလို ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး တားဆီးပေးဖို့ တောင်းဆိုထားပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif ကလည်း ဒီကိစ္စကို ကျူးလွန်တဲ့ဘယ်အဖွဲ့အစည်းကိုမဆို   ရှုတ်ချတယ်လို့ ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့တရုတ်-ပါကစ္စစီးပွားရေးစင်္ကြန်(CPEC)ဟာဒေါ်လာဘီလီယံပေါင်း များစွာ တန်ဖိုးရှိပြီး အခြေခံအချက်တွေ သဘောတူထားပြီး ဖြစ်ပါတယ်။ 

မကြာသေးမီနှစ်တွေ က ပါကစ္စတန်မှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဖြစ်ပေါ်လာပြီး ပါကစ္စတန်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ စိုးရိမ် ထိတ်လန့်တာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်းပါကစ္စတန်မြောက်ပိုင်းကရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး

လုပ်ငန်းခွင်ကို လာရောက်တဲ့ တရုတ်အင်ဂျင်နီယာတွေကို  တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသား(၉) ဦး အပါအဝင် လူ (၁၃)ဦး သေဆုံးခဲ့ရပါသေးတယ်။

တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့  အဓိကအကျဆုံး စစ်ရေးနဲ့  စီးပွားရေး မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.