ကိုလံဘို – ဧပြီ(၂၈)

ရာစုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းတွေကိုရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ ကြွေးမြီးတွေပြန်ပေးဆပ်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ဆွေးနွေ မှုကိုစတင်လိုက်တယ်လို့အဆိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နိုင်ငံရဲ့အကြွေးကိုပြန်လည်ပေးဆောင်ဖို့လိုတယ်ဆိုပြီး တရုတ်နိုင်ငံက သီရီလင်္ကာကို သတိပေးထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဂိုဒါဟီဝါက ပြောပါတယ်။

“IMFအနေနဲ့သီရီလင်္ကာကိုစေ့စပ်ဆောင်ရွက်နေပြီဖြစ်တာကြောင့် တခြားသော နိုင်ငံတွေရဲ့အကူ အညီရနေပြီဆိာတာလည်း သိထားရပါမယ်။ ကမ္ဘာ့ဘဏ်နဲ့ တခြားသော အေဂျင်စီတွေကလည်း ကူညီကြမယ်လို့ဆိုတဲ့ ကတိစကားကိုရရှိထားပြီးဖြစ်ပါတယ်” လို့ ဂိုဒါဟီဝါ က ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ ကနဦးအဆင့်မှာသာရှိနေသေးတယ်လို့ သူကပြောပါသေးတယ်။

ပြည်ပကြွေးမြီး အမေရိကန်ဒေါ်လာ (၅၁) ဘီလျံအတွက် ပေးချေမှုကို ဆိုင်းငံလိုက်ရတဲ့ သီရီလင်္ကာ နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး အာလီဆာဘီက IMF၊ကမ္ဘာ့ဘဏ်၊ အိန္ဒိယနဲ့ တခြားသော ဘဏ္ဍာရေးဆိုင်ရင် အကူအညီအတွက် ဆွေးနွေးနိုင်ဖို့ လွန်ခဲဲ့တဲ့ သီတင်းပတ်တွေတုန်းက အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ(၃.၅) ဘီလျံအထိ သီရီလင်္ကာ ကိုချေးပေးထားတဲ့ တရုတ်နိုင်ငံဟာ အကြီးစား ငွေချေးပေးသူဖြစ်ပါတယ်။

သီရီလင်္ကာသမ္မတက ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ရီနဲ့ တွေ့ဆုံမှုမှာ ကြွေးမြီးပြန်လည်ပေးဆပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ပေးဖို့ အကူအညီတောင်းခံခဲ့ ပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တရုတ်သံရုံးတို့ကို မှတ်ချက်ပေးဖို့ဆက် သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။

Ref: channel news asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.