တိုကျို – ဧပြီ(၂၇)

ပြီးခဲ့တဲ့စနေနေ့က လူ(၂၆) ယောက်တင်ဆောင်ထားတဲ့ ဂျပန်ရှုခင်းကြည့်လှေတစ်စီး ပျောက်ဆုံးခဲ့ပြီး လူ(၁၁)ယောက်အထိသေဆုံးထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသား(၇)ယောက်အမျိုးသမီး(၃)ယောက်နဲ့ ကလေး(၁) ယောက်ပါဝင်ပြီး တချို့သူတွေကိုတော့ ရေထဲမှာ သတိမေ့မျောနေစဉ်ရှာတွေ့ခဲ့သူတွေနဲ့ ကမ်းပါးပေါ်မျောပါသွားသူတွေရှိတယ်လို့ သိရပါတယ်။

လှေပေါ်ပါလူ(၂၆)ယောက်မှာ (၂၄)ယောက်ကခရီးသွားဧည့်သည်တွေဖြစ်ပြီး ကျန်(၂)ယောက်မှာ ကပ်ပတိန်နဲ့သူ့နောက်လိုက်တို့ဖြစ်ပြီး အဲဒီထဲမှာ ကလေး(၂)ယောက်ပါဝင်တယ်လို့သိရပါတယ်။

ကာဇူ(1) လို့အမည်ရတဲ့ လှေဟာ ဂျပန်မြောက်ဘက်အကျဆုံးက အဓိကကျွန်းဖြစ်တဲ့ ဟုက်ကိုင်ဒို က သဘာဝ ဆီရီတိုကိုကျွန်းနားတဝှိုက်မှာ ရှုခင်းကြည့်ဖို့ ရှိနေချိန်အဲဒီနေရာမှာပဲ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

 လှေနောက်လိုက်နဲ့ နေ့လည်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက်ခဲ့ချိန်မှာ လှေနစ်မြှုပ်သွားတာဖြစ် တယ်လို့ အာဏာပိုင်တွေက NHK သတင်းဌာနကိုပြောပါတယ်။

အဲ့ဒီအပျော်စီးလှေနစ်မြုပ်သွားတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။

လှေနောက်လိုက်ရဲ့ ပြောဆိုချက်အရ လှေဟာ ၃၀ ဒီဂီရီ ဒေါက်ချိုးအတိုင်း ရွှေ့လျားနေခဲ့ပြီး လှေပေါ်ရှိ လူများအားလုံးက သက်ကယ်အင်္ကျီဝတ်ဆင်ထားကြ တယ်လို့ပြောပါတယ်။

စောင့်ကြပ်ရေးလှေ၊လေယာဥ်နဲ့ရဟတ်ယာဥ်တွေကိုအသုံးပြုပြီးပျောက်ဆုံးနေတဲ့ လူ (၁၆)ယောက်ကို  ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

လှေကနေအရေးပေါ်ဖုန်းခေါ်ဆိုချိန်မှာတော့ အဲ့ဒီဧရိယာအတွင်းက ရေလှိုင်းတွေရဲ့ အမြင့်ဟာ (၃) ပေအထိ ရောက်ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.