April 19, 2022

နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ကောင်စီဝင် ၃ ဦးကို စစ်ကောင်စီ အဂတိပုဒ်မတွေ ထပ်တိုး

မော်လမြိုင်၊ ဧပြီ ၁၉ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးနဲ့ ကောင်စီဝင် ဦးဆန်းနိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီ အဂတိကော်မရှင်က ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ အဂတိကော်မရှင်ကတော့ ဒေါက်တာမျိုးအောင် အပါဝင် ကောင်စီဝင် ၃ ဦးဟာ…

မေလမှာ အာဆီယံအထူးထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ လက်ခံကျင်းပမယ်။

ဘန်ကောက် – ဧပြီ(၁၉) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့အတူ အမေရိကန် – အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို မေလ ၁၂ နဲ့ ၁၃ ရက်တွေမှာ ဝါရှင်တန်ဒီစီမှာ လူတွေ့ကျင်းပသွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။ အထူးထိပ်သီးတွေ့ဆုံပွဲမှာ အာဆီယံအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ် တွေသေချာစေဖို့ ဆောင်ရွက်မှာဖြစ်ပြီး (၄၅) နှစ်ကြာ အမေရိကန်- အာဆီယံဆက်ဆံရေး ကို အထိမ်းအမှတ်အနေနဲ့…

တူနီးရှားရဲ့ရေနံတင်လာတဲ့ ကုန်သင်္ဘောနစ်မြုပ်ခဲ့တာနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုလျှော့ချဖို့ ပြင်ဆင်

ဘန်ကောက် – ဧပြီ(၁၉) တူနီးရှားရေပိုင်နက်ထဲ မှာ ရေနံတန် (၁၀၀၀) တင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်းနစ် မြုပ်ပြီးနောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်ဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ သင်္ဘောဟာ အီကွေတိုရီရယ်ဂီနီကနေ မော်လ်တာကို သွားနေချိန် တောင်ပိုင်း ဂါးဘက်စ် ကမ်းလွန် ခုနှစ်မိုင်အကွာမှာ နစ်မြုပ်သွားတာဖြစ်ပြီး သင်္ဘောသား ခုနှစ်ယောက်လုံး ရဲ့အသက်ကိုတော့ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။…

ဂျေရုဆလင်မှာအကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်အစိုးရကခွဲထွက်မဲ့အရေးနဲ့ ရင်ဆိုင်နေရ

ဘန်ကောက် – ဧပြီ(၁၈) ဂျေရုဆလင် HOLY နေရာအတွင်း လူ(၁၇၀) လောက်ထိခိုက်ခဲ့တဲ့အကြမ်းဖက်ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်မှာတော့ အာရပ်-အစ္စရေး ပါတီအကြီးအကဲ(ရာအမ်) က သူ့ရဲ့ အဖွဲ့ဝင်မှု ကိုဆိုင်းငံ့တယ်လို့ကြေငြာလိုက်တယ့်အတွက် အစ္စရေးညွန်ပေါင်းအုပ်ချုပ်ရေးအဖွဲ့ဟာ ခွဲထွက်မှုအသစ်တစ်ရပ််နဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ဂျူးလူမျိုးတွေအတွက် Temple Mount လို့ လူသိများတဲ့ AL-Aqsa ဗလီပတ်လည်မှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် မွတ်ဆလင်တွေနဲ့ ဂျူးလူမျိုးတွေကိုပါ အထိတ် တလန့်ဖြစ်ပြီးနောက်မှာတော့…

အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာလို့ ဒွန်မောင်းလေဆိပ်ခေါင်မိုးပြိုကျ

ဘန်ကောက် – ဧပြီ(၁၉) ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ ဒုတိယအကြီးဆုံးလေဆိပ် ဒွန်မောင်း ဟာ မနေ့က မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် လေဆိပ်ခေါင်မိုးတစ်ခုပြိုကျခဲ့ပါတယ်။ ဧပြီလ(၁၈) ရက်နေ့ညနေပိုင်းက ဘန်ကောက်မြို့နေရာတော်တော်များများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခဲ့တဲ့အတွက် ဒွန်မောင်းလေဆိပ် အဆောက်အုံခေါင်မိုးပြိုကျခဲ့ရတာပါ။ အဲ့ဒီအဆောက်အုံဟာ လေဆိပ် Terminal – 1 အနီးက ခရီးသွားတွေအတွက် ဝန်ဆောင်မှု ပေးတဲ့ ခန်းမအဖြစ်အသုံးပြုတဲ့နေရာဖြစ်ပါတယ်။ လေပြင်းမုန်တိုင်းကြောင့် အသစ်ဆောက်လုပ်ထားတဲ့ အုတ်တံတိုင်းအပါအဝင်ခေါင်မိုး…

စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေတဝက်လောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ NUG ဝန်ကြီးချုပ် ပြော

မော်လမြိုင် ၊ ဧပြီ (၁၉) အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေတဝက်လောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၁၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းရာမှာ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက…

စစ်ကောင်စီတပ်အနေနဲ့ အရပ်သားတွေကို ခြိမ်းခြောက်တာ မလုပ်ဘဲ စစ်ကို စစ်နဲ့တူအောင်တိုက်ဖို့ KNU တုံ့ပြန်

မော်လမြိုင် ၊ ဧပြီ (၁၉) ကေအဲန်ယူဘက်က ရေဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ကျေးရွာတွေကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တာဟာ အရပ်သားတွေအပေါ် ဒုက္ခပေးတာ ဖြစ်ပြီး စစ်ကောင်စီတပ်အနေနဲ့ စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ်(၅၆၁)ရဲ့…

စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တာဟာ အင်အားစုနှစ်ခုကို စည်းခြားပေးလိုက်တာလို့ နိုင်ငံရေးသုံးသပ်သူတွေ ဝေဖန်

မော်လမြိုင် ၊ ဧပြီ (၁၉) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူအပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာဟာ အင်အားစုနှစ်ခုကို စည်းခြားပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၁၇ ရက်နေ့က အာဏာရှင်ဟောင်း တွေအပါအဝင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ၊ တပ်မတော်အရာရှိတွေ၊ EAOs ခေါင်းဆောင်တွေနဲ့ အနုပညာနယ်ပယ်အသီးသီးက…