ဘန်ကောက် – ဧပြီ (၁၄)

ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုအစ္စလာမ်လွတ်မြောက်ရေးတပ်ဦး(Moro Islamic Liberation Front MILF)ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့တပ်ဖွဲ့တွေမှာ ပေါင်းစည်းနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

သုံးနှစ်ကြာ အကူးအပြောင်းကာလာအတွင်း အခုလုပ်ဆောင်ချက်ဟာ မင်ဒါနာအို ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ကတိကဝတ် အစိတ်အပိုင်းပြည့်မှီဖို့ဖြစ်တယ်လို့ ဧပြီလ(၁၁) ရက်နေ့က အာဏာပိုင်တွေကပြောပါတယ်။

မွတ်ဆလင် မင်ဒါနာအိုရှိဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ယာယီဝန်ကြီးချုပ် အဟော့ အီဘရာဟင်မ်က MILF အဖွဲ့ဝင်တွေနဲ့ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ဖို့အတွက် အရည်အချင်းပြည့်မီမှုစီစစ်ရေး ဆိုင်ရာ အထူးစာမေးပွဲ ကျင်းပဖို့ ဖိလစ်ပိုင်နိုင်ငံအမျိုးသားရတပ်ဖွဲ့နဲ့အတူ သဘောတူညီမှု တစ်ရပ် ရရှိခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်ုပ်တို့ဟာ နောက်ဆုံးမှာတော့ ဤ provision ကို အမှန်တကယ်ဖြစ်အောင် ဆောင်ရွက်ခြင်းရဲ့ ပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီး” လို့ မစ္စတာ အီဘရာဟင်မ် က ပြောပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့ကော်မရှင်နဲ့အတူ နားလည်မှု စာချွန်လွှာချုပ်ဆိုတာဟာ စံဝင်ပြုလုပ်တဲ့ ဖြစ်စဉ်ကို ဦးတည်တဲ့ ပထမအဆင့် လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

အရည်အချင်းပြည့်မှီမှုစီစစ်စာမေးပွဲကို ကိုတာဘာတိုနဲ့ ဇမ်ဘိုဂါနာမြို့တွေမှာ မေလ (၂၉) ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.