The USS Abraham Lincoln makes history as thousands of service members deploy from San Diego Naval Air Station North Island under Capt. Amy Bauernschmidt, the first woman to lead a nuclear carrier in U.S. Navy history, in San Diego, California, U.S., January 3, 2022. REUTERS/Mike Blake

ဘန်ကောက် – ဧပြီ(၁၃)

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုတွေကြောင့် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာ ချိန်မှာ လေယာဉ်တင်သင်္ဘော တွေတပ်ဖြန့်ချထားလိုက်ပြီဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။

 အမေရိကန်အာဘရာဟမ်လင်ကွန်း တပ်ဖွဲ့ တွေကိုရီးယားကျွန်းဆွယ်ကမ်းလွန်မှာ အော် ပရေးရှင်း စတင်နေပြီလို့ အမေရိကန်အာဏာ ပိုင်တွေက လည်း အတည်ပြုထားပါ တယ်။

အာဏာပိုင်တွေရဲ့  ပြောဆိုချက်တွေအရတော့ ဒေသတွင်းမဟာမိတ်တွေနဲ့  မိတ်ဖက်တွေ ကိုစိတ်ချလက်ချဖြစ်စေဖို့ အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်မှာ ဂျပန်တပ်ဖွဲ့ တွေနဲ့အတူ လေ့ကျင့်မှုတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လာမယ့် ရက်ပိုင်းတွေမှာ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတွေပြုလုပ်ဖို့ရှိ နေတာတွေနဲ့ပတ်သက်ပြီး  အမေရိကန်က စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့ နောက်ဆက် တွဲအနေနဲ့ အခုလို ဆောင်ရွက်ချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားပင်လယ်မှာ စစ်ရေယာဉ်အုပ်စုတွေတပ်စွဲထားတာ (၂၀၁၇) ခုနှစ် တည်းက ဖြစ်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းဒီတကြိမ်က ပထမဆုံးဖြစ်တယ်လို့ သိရပြီး (၂၀၁၇) ခုနှစ်တုန်းကတော့ စစ်သင်္ဘောအုပ်စုနဲ့ မြောက်ကိုရီးယားပဲ့ထိန်းဒုံးနျူကလီးယားစမ်းသပ် မှုတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါသေးတယ်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက USS Abraham Lincoln ဟာ သုံးရက် က ငါးရက် အတွင်း စစ်ဆင်ရေးဆောင်ရွက်မှာဖြစ်တယ်လို့ အမည်မဖော်ပြထားတဲ့ သတင်း  ရင်းမြစ်တွေကို   ကိုးကားဖော်ပြထားပါတယ်။

ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆန်ထားပါတယ်။

တောင်ကိုရီးယားသမ္မတအကြံပေးတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဝါရှင် တန်ခရီးစဉ်မှာ လေယာဉ်တင်သင်္ဘောတွေ  နျူကလီးယား ဖျက်လက်နက်တွေနဲ့ ရေငုပ် သင်္ဘောတွေပါဝင်တဲ့ အမေရိကန်စစ်သုံးပစ္စည်းတွေနဲ့နေရာချထားဖို့ တောင်းဆိုထားပါ တယ်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက အဲ့ဒီစစ်ရေယာဉ်အုပ်စုတွေဟာ နိုင်ငံတကာ ရေပိုင်နက်အတွင်းမှာရှိနေတာလို့ပြောခဲ့ပြီး အဲ့ဒီတပ်စွဲမှုဟာ အမေရိကန်ပိုင်ဆိုင်တဲ့ စစ်သုံး ရေယာဉ်တွေဖြစ်တယ်လို့ ပြောခဲ့ပေမယ့် တခြားမှတ်ချက်တွေပေးဖို့တော့ ငြင်းဆန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ  စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ပုံစံဖြစ်နေတယ်လို့  ဝေဖန်ထားပြီး အဲ့ဒီလုပ်ရပ်တွေဟာ နှစ်ဖက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာစေတယ်လို့ ပြောထားပါတယ်။ 

 Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.