April 12, 2022

သမ္မတ သက်တမ်း တိုးမြှင့်ရေး အဆိုအင်ဒိုနီးရှားကျောင်းသားတွေဆန့်ကျင် ကန့်ကွက်

ဘန်ကောက်- ဧပြီ(၁၂) စားသုံးဆီဈေးကြီးမြင့်မှုနဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရာထူးသက်တမ်းတိုးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့ (ဧပြီ ၁၁ ရက်) နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသားတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တောင်ဆူလာဝေစီ၊ အနောက်ဂျာဗားနှင့် မြို့တော် ဂျကာတာတို့အပါအဝင် ရာနှင့်ချီသော ကျောင်းသားတွေဟာ ကုန်ပစ္စည်း ကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် သမ္မတသက်တမ်း နှစ်ဆက် ကန့်သတ်ချက်ထက် ကျော်လွန်သတ်မှတ်ခြင်း အဆိုအတွက် မကျေနပ်ချက်တွေကို…

ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်တွေမှာမီးရှို့မှုတွေကြောင့်လေထုညစ်ညမ်းမှုဖြစ်ပြီး အပူချိန်တိုးနိုင်

ဘန်ကောက် – ဧပြီ(၁၂) ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင် ဒေသန္တရတွေမှာ လာမယ့်အပတ်အတွင်း မီးရှို့မှုတွေ ကြောင့် ပြင်းထန်တဲ့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီဒေသတွေမှာ အပူချိန်မြင့်တက် လာနိုင်တယ်လို့ သိရပါတယ်။ လေထုညစ်ညမ်းမှုထိန်းချုပ်ရးဦးစီးဌာနရဲ့ ပြောဆိုချက်တွေအရ အဲ့ဒီလေထုညစ်ညမ်းမှု အတိုင်းအတာဟာ သတ်မှတ်ဖော်ထုတ်ထားတဲ့ စတင်ထုတ်လွှတ်ရာနေရာအရည်အတွက် တွေအပေါ်မူတည်နိုင်တယ်လို့ သိရပါတယ်။ ၂.၅ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အမှုန်စ သိပ်သည်းမှုတွေနဲ့အတူ ထိုင်းနိုင်ငံ အရှေ့ ပိုင်း၊မြောက်ပိုင်း၊အရှေ့မြောက်ပိုင်းတွေမှာ…

အတိုက်အခံခေါင်းဆောင် ရှီဘက်စ်ရှာရစ် ၀န်ကြီးချုပ်ဖြစ်လာဖို့ ကြိုးပမ်း

ဘန်ကောက် – ဧပြီ(၁၂) ပါကစ္စတန်လက်ရှိဝန်ကြီးချုပ် အီမရန်ခမ်းဟာ ပါလီမန်မှာ အယုံကြည်မရှိမဲနဲ့ ရှုံးနိမ့်ပြီး နောက်မှာတော့ သူ့ရဲ့ ကာလရှည်ကြာ အတိုက်ခံနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ရှီဘက်စ်ရှာရစ် ဟာ နိုင်ငံရဲ့ နောက်ထပ်ဝန်ကြီး ချုပ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပါလီမန်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်း နော်ဝက်ဇ် ရှာရစ်ရဲ့ ညီဖြစ်သူ ရှီဘက်စ်ရှာရစ် ဟာ ခရစ်ကတ် ကြယ်ပွင့်ဟောင်း…

သင်္ကြန်ကာလမှာ မွန်က အဝေးပြေးယာဉ်လိုင်းတွေ ဆက်လက် ပြေးဆွဲပေးမည်

မော်လမြိုင် ၊ ဧပြီ (၁၂) သင်္ကြန်ကာလမှာ မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေ ဆက်လက် ပြေးဆွဲပေးသွားမယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေဟာ သင်္ကြန်ကာလအတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေစေဖို့နဲ့ ခရီးသွားတွေ အလွယ်တကူ ခရီးသွားလာလို့ရအောင် ယာဉ်လိုင်းတွေကို ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲပေးသွားဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အဝေးပြေးယာဉ်လိုင်း အများစုက ယာဉ်အစီးရေ အကန့်အသတ်နဲ့ ပြေးဆွဲပေးမှာ…

စစ်ကောင်စီတပ်က မသန်စွမ်းသူ ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့တယ်လို့ မသန်စွမ်းကော်မတီက ပြော

မော်လမြိုင် ၊ ဧပြီ (၁၂) အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း မသန်စွမ်းသူ ၃၀၀ နီးပါး ကို သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရေးကော်မတီက ပြောပါတယ်။ မသန်စွမ်းသူတွေဟာ တိုက်ပွဲတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပြီး သေဆုံးသွားသူတွေ ရှိသလို တချို့ မသန်စွမ်းတွေက စစ်ဘေးရှောင်ရင်း ကျန်းမာရေး စောင့်ရှောက်မှုမရတာကြောင့်…

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီလေယာဉ်က မှားယွင်းပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့

မော်လမြိုင် ၊ ဧပြီ (၁၂) တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တဲ့ လေးကေကော်မြို့သစ်တိုက်ပွဲမှာ စစ်ကောင်စီ လေယာဉ်က မှားယွင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်တပ်သား အများအပြား သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေခဲ့တဲ့ လေးကေကော်မြို့သစ်ထဲကို ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့…

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနဲ့ အင်ဂျင်နီယာအသင်းချုပ်တို့ရဲ့ လက်ရှိသက်တမ်း ဖျက်သိမ်းကြောင်း NUG အစိုးရ ထုတ်ပြန်

မော်လမြိုင်၊ ဧပြီ ၁၁ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ရဲ့ လက်ရှိ သက်တမ်းအား ဖျက်သိမ်းပြီး ရပ်ဆိုင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုင်ငံတည်ဆောက်ရေးနဲ့ အများပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ပြီး တာဝန်ယူဆောင်ရွက်ပေးရမယ့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်း…