ဘန်ကောက်- ဧပြီ(၃)

ယူကရိန်း-ရုရှားစစ်ပွဲကြောင့် နျူကလီးယားတင်းမာမှုတွေရှိနေတဲ့ အတွက် အမေရိကန်ရဲ့Minuteman III တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ဖို့အမေရိကန်စစ်တပ်က နောက်ဆုတ်လိုက်တယ်လို့ ပြောပါတယ်။

ရုရှားက သူ့ရဲ့နျူတပ်ဖွဲ့တွေကို အသင့်အနေအထားနေဖို့အမိန့်ပေးခဲ့ပြီးချိန်မှာတော့ အမေရိကန်ဘက်က စမ်းသပ်ဖို့ နောက်ဆုတ်လိုက်တာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

“အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အသင့်အနေအထားဖြစ်မှုကို လေတပ်က ယုံကြည်ပါတယ်” လို့ လေတပ်ပြောရေးဆိုခွင့် ရှိသူ စတီဖင်နက်ခ် က ပြောပါတယ်။

ဒါ့အပြင်စမ်းသပ်မှုကို အနည်းငယ် နောက်ဆုတ်လိုက်တာ သာဖြစ်ပြီး ပယ်ဖျက်လိုက်တာမ ဟုတ်ဘူးလို့လည်း သူကပြောပါသေးတယ်။

အမေရိကန်ရဲ့Minuteman III တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ဖို့နောက်ဆုတ်လိုက်တာဟာ အငြင်းပွားစရာအခြေအနေတွေရှိနေပြီး စိတ်ပျက်စရာအခြေအနေဖြစ်တယ်လို့ လက်နက်ထိန်းသိမ်း ရေးကော်မတီ ထိပ်တန်းအရာရှိ ရီပတ်ဘလီကန် လွှတ်တော်အမတ် ဂျင်မ် အင်ဟိုဖီလ် က ဝေဖန်ပါတယ်။

ရုရှားခေါင်းဆောင်ရဲ့နျူတပ်ဖွဲ့တွေကို အမိန့်ပေးညွှန်ကြားချက်ကြောင့်နျူစစ်ပွဲဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ နျူကလီးယားသတိပေးချက်ကို အဆင့်ပြောင်းလဲဖို့ မလိုဘူးလို့ပြောဆိုထားပါတယ်။   

ရုရှားနဲ့အမေရိကန်တို့ဟာ စစ်အေးတိုက်ပွဲအပြီးမှာတော့ အကြီးဆုံးနျူကလီးယား ထိပ်ဖူးတပ်လက်နက်  တွေကို ကမ္ဘာပေါ်မှာ အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ရုရှားဟာ အနောက်ဥရောပနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာတွေမှာ စစ်ရေးအရ အင်အားတိုးချဲ့သွားမယ်လို့ သောကြာနေ့ အစောပိုင်းကကြေညာထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.