ဘန်ကောက်- ဧပြီ(၁)

ထိုင်ဝမ်ကို တရုတ်ရဲ့သံတမန်ရေးနဲ့စစ်ရေးအရ ဖိအားပေးတာတွေဟာ ဒီမိုကရက်တစ်နိုင်ငံတွေအားလုံး ကိုခြိမ်းခြောက်တာဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့ အမေရိကန်က ကတိပြုထားတယ်လို့ တိုင်ပေက အမေရိကန်သံတမန်က ပြောပါတယ်။

အမေရိကန်ကုန်သည်ကြီးများအသင်းရုံးမှာ ပြုလုပ်တဲ့အခမ်းအနားမှာ AmericanInstitute က ဒါရိုက်တာ ဆန်ဒရာအော့ဒရစ်ကတရုတ်နဲ့အမေရိကန်ကြားသံတမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“ထိုင်ဝမ်ရဲ့ နိုင်ငံတကာရပ်ဝန်းကို ပိတ်ဆို့ဖို့ သူ့ရဲ့မဟာမိတ်တွေနဲ့ ဖိအားပေးတာ၊ ထိုင်ဝမ်ရဲ့ ဒီမိုကရက်တစ်စနစ်ကို ဝင်ရောက်စွက်ဖက်ဖို့ ဘေဂျင်းက ဆက်ပြီး ကြိုးပမ်းမှုတွေက ဒီမိုကရေစီနိုင်ငံအားလုံးကို ခြိမ်းခြောက်တာဖြစ်တယ်” လို့ ဆန်ဒရာအော့ဒရစ်ကပြောပါတယ်။

တရုတ်ဟာ စစ်ရေး၊သံတမန်ရေးနဲ့ စီးပွားရေဆိုင်ရာဖိအားတွေကို ပိုမိုပြင်းထားတဲ့ လုပ်ရပ်တွေနဲ့ ထိုင်ဝမ်အပေါ်ကိုလုပ်ဆောင်နေတဲ့သက်သေတွေဟာထင်ရှားပေါ်လွင်နေတယ်လိုသူမကပြော ပါသေးတယ်။



ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်နိုင်ငံဟာသူ့ပိုင်နက်နယ်မြေအဖြစ်အခိုင်အမာ သတ်မှတ်ထားပြီးလွန်ခဲ့တဲ့ (၂) နှစ်ကစပြီး စစ်ရေးနဲ့ သံတမန်ရေးရာ ဖိအားတွေတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာထိုင်ဝမ်ရဲ့အရေးပါဆုံးသောနိုင်ငံတကာထောက်ခံအားပေးသူဖြစ်ပြီးလက်နက်ကိုအဓိကထောက်ပံ့နေတဲ့အတွက် အမေရိကန်နဲ့တရုတ်ကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ရဲ့စစ်ရေးအရရန်စမှုတွေနဲ့ သံတမန်ရေးရာ ဖိအားတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့အကြောင်းအရာတွေဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုင်ရာ သဘောထားကို ငြင်းဆိုထားပြီး နိုင်ငံတွင်းနေထိုင်တဲ့ပြည်သူတွေရဲ့ အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.