ဘန်ကောက် – မတ်လ(၂၈)

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်ခံတွေ့ဆုံသွားမယ်လို့ အိမ်ဖြူတော်မီဒီယာအတွင်းရေးမှူး ဂျန်းပစကာကီက ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ သမ္မတဘိုင်ဒန်ဟာ လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်အတွက်ကြိုးပမ်းမှု တွေကို ပြန်သုံးသပ်ပြီး ယူကရိန်းစစ်ပွဲအကောင်းလည်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

သမ္မတဘိုင်ဒန်ဟာ ပင်လယ်တွေရဲ့လွတ်လပ်ခွင့်ကို ထိန်းသိမ်းတာ၊ထောက်ပံ့ရေးကွင်းဆက်ဒဏ်ခံနိုင်ဖို့ နဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျပ်အတည်းတွေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို ဆန့်ကျင့်ဖို့အတွက်ကိစ္စ တွေကို ပူးပေါင်းဆာင်ရွက်သွားကြဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စင်္ကာပူခေါင်းဆောင်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တာဖြစ်ပြီး ဧပြီလ(၂) ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ရှိနေမှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။



လီဟာ ဝါရှင်တန်မှာ အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အကြီးတန်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီး နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ စကားပြောသွားဖို့ရှိပြီး ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်၊ စက်မှုနဲ့ ဘဏ္ဍာရေး ကဏ္ဍခေါင်းဆာင်တွေနဲ့ တွေ့ဆုံဖို့နယူးယောက်မြို့ကို သွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

စင်္ကာပူနိုင်ငံဟာ အဓိကကျတဲ့ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးစင်တာဖြစ်ပြီး ဒေသတွင်း အင်ဒိုပစိဖိတ် စီးပွားရေးမူ‌ဘောင်အတွက် အမေရိကန်ရဲ့အသေးစိတ်အစီအစဉ်ကိုကြားနာလိုစိတ်ရှိနေပြီး အမေရိကန် အစိုးရကတော့ယူကရိန်းအကြတ်အတည်းအပြင်အင်ဒိုပစီးဖိတ်ဒေသအရေးကိုလဲဦးစားပေးစဉ်းစား ထားတယ်လို့ သိရပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဖေဖော်ဝါရီလက အင်ဒို ပစိဖိတ် မဟာဗျူဟာ ကိုကြေငြာခဲ့ပြီး ဒေသတွင်းလွှမ်းမိုးဖို့ကြိုးစားနေတဲ့ တရုတ်ကိုရင်ဆိုင်ဖို့နဲ့ အဲ့ဒီဒေသရဲ့ သံတမန်အရေးနဲ့ လုံခြုံရေး အရင်းအမြစ်တွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ဆို့ရှိနေတာဖြစ်ပါတယ်။

REF – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.