ကိုလံဘို၊ ဖေဖော်ဝါရီ ၂၄

သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုးသည် ၄ လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ပိုမိုဆိုးရွားလာနေသော နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းပြတ်တောက်ခြင်းမှတဆင့် ဖြစ်ပေါ်ခဲ့ရသည့်  စီးပွားရေးအကျပ်အတည်း တစ်ခု အဖြစ် အင်္ဂါနေ့က ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ 

အမျိုးသားစားသုံးသူဈေးနှုန်းအညွှန်းကိန်းသည် နှစ်အစပိုင်း ဇန်နဝါရီလအတွင်း ၁၆.၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး ၎င်းနှုန်းထားသည် ၄ လ ဆက်တိုက်မြင့်တက်ခဲ့ကာ အောက်တိုဘာလအတွင်း ရောက်ရှိခဲ့ ၈.၃ ရာခိုင်နှုန်းထက် နှစ်ဆပိုခဲ့ခြင်းဖြစ်သည်။ 

တောင်အာရှကျွန်းစုနိုင်ငံသည် အစားအသောက်၊ လောင်စာနှင့် ဆေးဝါများအပါအဝင် အရေးကြီး တင်သွင်းကုန်စည်များတွင် ဘဏ္ဍာငွေထည့်ဝင်နိုင်ဖို့ ဒေါ်လာငွေရှာဖွေဖို့ ရုန်းကန်နေရခြင်းကြောင့် ထိုကဲ့သို့ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်းထား ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ 

စွမ်းအင်ဝန်ကြီးဌာန၏ တနင်္လာနေ့ ပြောကြားချက်အရ အကြွေးဖြင့် လောင်စာဝယ်ယူရန် ရုန်းကန် နေခဲ့ရပြီး လောင်စာဆီရောင်းချရေးနေရာများတွင်လည်း ပြတ်လပ်မှုများကို အစီရင်ခံခဲ့ပြီး တန်းစီ စနစ်ဖြင့် သတ်မှတ်ကာ အချို့သော နေရာများကို ပိတ်ထားရန် ဖိအားပေးနေရသည်ဟု ဆိုသည်။

ဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံပိုင် လောင်စာဆီ ကုမ္ပဏီဖြစ်သည့် ဆေလွန်ရေနံကော်ပိုရေးရှင်း (Ceylon Petroleum Corporation) သည် ကြွေးကျန် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယမ် အတွက် ရုန်းကန်နေရပြီး စီးပွားရေးချေးငွေ အသစ်ထပ်မံ ထုတ်ယူဖို့ မဖြစ်နိုင်ခဲ့ဟု ပြောဆိုခဲ့သည်။ 

ထိုရေနံကုမ္ပဏီကြီးသည် လာမည့်လများအတွင်း လောင်စာဆီဝယ်ယူနိုင်ရေးအတွက် အိန္ဒိယအစိုးရ ထံမှ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယမ်ကို ချေးငွေအဖြစ် အဆိုပြုနိုင်ဖို့ ဘဏ်လုပ်ငန်း အတိုင်း ဆောင် ရွက်နေသည်ဟု အာဏာပိုင်များမှ ပြောကြားခဲ့သည်။ 

ယခုနှစ်အတွင်း ရူပီး ဘီလီယံ ၅၀ ရရှိရန် ပစ်မှတ်ထားသည့် အခွန်ဥပဒေမူကြမ်းအသစ်ကို အင်္ဂါနေ့တွင် တရားရုံးချုပ်က ပစ်ပယ်ခဲ့သည်။

အခွန်နှုန်းထားများနှင့် အခွန်ကောက်ခံမည့် ကဏ္ဍများကို ဆုံးဖြတ်ရန် ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ အခွင့်အာဏာဖြင့်ထုတ်ပြန်သော အထူးကုန်စည်များနှင့် ဝန်ဆောင်မှုလုပ်ငန်းအခွန်သည် ပါလီမန်၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရုံးတော်မှ ဆုံးဖြတ်ခဲ့သည်။ 

ပိုမိုဆိုးရွားလာသော စီးပွားရေးကပ်ဘေးများသည် ဈေးဝယ်စင်တာများတွင် ဆန်၊ နို့မှုန်၊ သကြားစသည့် အစားသောက်များကို စျေးဝယ်သူများသို့ အချိုးကျ ရောင်းချရသည့် အခြေအနေကို ဦးတည်သွားစေခဲ့ ပြီဖြစ်သည်။ 

လောင်စာဆီရောင်းချသည့်စင်တာများအနေဖြင့်လည်း ခရိုင်များအတွင်းရှိ ယာဥ်မောင်းနှင်းသူများ အတွက် အချိုးကျစနစ်ဖြင့် ရောင်းချနေကြရပြီဖြစ်သည်။  

ကပ်ဘေးကာလစတင်ကတည်းက သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများသာမက နိုင်ငံခြားသားလုပ် သားငွေလွှဲပေးပို့ခြင်းကဏ္ဍများတွင် ထိုးဆင်းသွားသည့်အနေအထားနှင့်အတူ ၎င်းနိုင်ငံ၏ စီးပွားရေး သည်လည်း  ပြိုလဲသွားခဲပြီး ဖြစ်သည်။  

နိုင်ငံတကာအဆင့်သတ်မှတ်ရေး အေဂျင်စီများသည် သီရိလင်္ကာအနေဖြင့် ၎င်း၏ နိုင်ငံခြားကြွေးမြီး များကို ဝန်ဆောင်ဖို့ မဖြစ်နိုင်ဟု မှန်းဆထားပြီး နိုင်ငံကို အဆင့်လျှော့သတ်မှတ်ခဲ့သည်။ သီရိ လင်္ကာအစိုးရကမူ ၎င်းတာဝန်ဝတ္တရားများကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာ ပြော ကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.