ကိဗ်၊ ဖေဖော်ဝါရီ ၂၅

အရေးကြီးသော အခြေခံအဆောက်အဦများကို ကာကွယ်ရန်နှင့် ဆိုက်ဘာသူလျှိုမစ်ရှင်များဖြင့် ရုရှားတပ်များကို တိုက်ခိုက်ရန် ယူကရိန်အစိုးရက နိုင်ငံတွင်းရှိ ယူဂျီဟက်ကာများအား စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ ပရောဂျက်တွင် ပါ၀င်သူနှစ်ဦးက ပြောကြားခဲ့သည်။

“ယူကရိန်း ဆိုက်ဘာကွန်မြူနတီကြီးအနေနဲ့ ကျွန်ုပ်တို့နိုင်ငံ၏ ဆိုက်ဘာကာကွယ်ရေးမှာ ပါဝင်ဖို့ အချိန်တန်ပြီ” ဟု ပို့စ်မှာရေးသားထားပါသည်။

ဟက်ကာများနှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများအနေနှင့် Google docs မှတစ်ဆင့် လျှောက်လွှာတင်သွင်း ရန်နှင့် မိမိအထူးပြုကျွမ်းကျင်မှုများကိုပါ ထည့်သွင်းရေးသားဖို့ ညွှန်ကြားထားပါတယ်။

ကိယက်ဗ်မြို့ရှိ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု၏ ပူးတွဲတည်ထောင်သူ Yegor Aushev က ကြာသပတေးနေ့ တွင် အကြီးတန်းကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆက်သွယ်ခဲ့ပြီး  မေတ္တာရပ်ခံချက်အရ အဆိုပါ ပို့စ်ကို ရေးသားခဲ့ခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

Aushev ၏ ကုမ္ပဏီ Cyber Unit Technologies သည် အရေးပါသော အခြေခံအဆောက်အဦများ ကာကွယ်ရေး အတွက် ယူကရိန်းအစိုးရနှင့် လက်တွဲလုပ်ဆောင်သူအဖြစ် ကျော်ကြားပါတယ်။

ယခုကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူ အခြားသူတစ်ဦးကလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေး နေ့ နံနက်ပိုင်းက တောင်းဆိုလာခြင်းကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားလှယ်များကတော့ ဒီသတင်းနှင့်ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိပေ။

ဝါရှင်တန်ရှိ ယူကရိန်းသံရုံးမှ ကာကွယ်ရေးသံမှူးတစ်ဦးက တယ်လီဂရမ်ချန်နယ်က သတင်းများကို အတည် မပြုပေးနိုင်သလို ငြင်းဆိုမှုကိုလည်း မလုပ်လိုကြောင်းပြောကြားခဲ့ပါတယ်။

Aushev က စေတနာ့ဝန်ထမ်းတွေကို ခုခံကာကွယ်ရေးအဖွဲ့နှင့် ထိုးဖောက်တိုက်ခိုက်ရေးအဖွဲ့ ဟူ၍ ဆိုက်ဘာယူနစ်တွေကို ခွဲခြားဖွဲ့စည်းမယ်လို့ ဆိုပါတယ်။

ထိုးဖောက်တိုက်ခိုက်မည့်စေတနာ့ဝန်ထမ်းတွေအနေဖြင့် ကျူးကျော်လာတဲ့ ရုရှားတပ်ဖွဲ့များအား ပြန်လည် တုံ့ပြန်မည့် ယူကရိန်းဒစ်ဂျစ်တယ်စစ်ဆင်ရေးများလုပ်ဆောင်ရာတွင် ကူညီပေးမည်ဖြစ်ကြောင်း Aushev က ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်ရှိတယ်။ သူတို့ဘာလုပ်နေလဲ ကျွန်တော်တို့သိဖို့လိုတယ်။” ဟု Aushev က ပြောသည်။

အဟတ်ခံသည့်အထဲတွင် အစိုးရအေဂျင်စီများနှင့် ငွေကြေးအဖွဲ့အစည်းတစ်ခုတို့ ပါဝင်သည်။ ရုရှားက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦးသည် နိုင်ငံအတွင်း သီးသန့်ဆိုက်ဘာတပ်ဖွဲ့မရှိဟု ယခုလအစောပိုင်းက ပြောကြားခဲ့ပြီး ဒီနှစ်အတွင်းမှာ ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ Washington Post သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့ ညပိုင်းအချိန်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် လျှောက်ထားသူ ရာနဲ့ချီနေပြီဖြစ်ကြောင်း နှင့်  ၎င်းတို့အနက်မှ ရုရှားအေးဂျင့်များ မပါအောင် သေချာစေရန် စတင်ပြီး စစ်ဆေးတော့မည်ဖြစ်ကြောင်း ဟု Aushev က ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: ရိုက်တာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.