ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၂၅

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အလည်အပတ်ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အစ်စ် မေး ဆာဘရီ ရာကော့ဘ် တို့ ကိုဗစ် ၁၉ ကပ်ဘေးအလွန်ကာလတွင် နှစ်ဖက် သဘောတူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သိန္ဓိဌာန်ပြု ခဲ့ကြပါသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကျင်းပခဲ့သော နှစ်နာရီကြာ တွေဆုံဆွေးနွေးမှုများအတွင်း ထိုကတိကဝတ်များကို ပြုလုပ်ခဲ့ကြသည်။ 

ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဟွန်ဆန်က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ခရီးသွားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်သမားရေးနှင့် ကိုဗစ်အလွန်ကာလ စီးပွားရေး ပြန်လည်နာလန်ထူနိုင်ဖို့စသော အကြောင်းအရာများတွင် နှစ်ဖက် ဆက်ဆံရေးများနှင့် ပူး ပေါင်းဆောင်ရွက်မှုကို ထိတွေ့ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

မစ္စတာ ဟွန်ဆန်၏ ပြောကြားချက်အရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၅၀၀ မီလီယမ်ထက် ပိုသော တန်ဖိုးတစ်ခုအထိရှိခဲ့ပြီး လွန်ခဲ့သော ၅ နှစ်အတွင်း မလေးရှား သည် ကမ္ဘောဒီးယားသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများအကြား တတိယအကြီးဆုံး နိုင်ငံ ဖြစ်သည်ဟု သိရသည်။ 

မစ္စတာ ဟွန်ဆန်က “ကျွန်ုပ်တို့အနေဖြင့် ကိုဗစ် ၁၉ ကြောင့်ဖြစ်ပေါ်ရတဲ့ နှောက်နှေးကြန့်ကြာမှုတွေ အကြားမှာ အခုလို နှစ်ဖက်ကုန်သွယ်ရေးမြှင့်တင်တာတွေကို မြင်ရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ယခုနှစ်မှာ ကုန်သွယ်မှုပမာဏတွေကို မြှင့်တင်ဖို့ကိုလည်း ကျွန်ုပ်တို့ မျှော်လင့်ထားပါတယ်” ဟု ပြော ကြားခဲ့သည်။ 

မလေးဝန်ကြီးချုပ် အစ်စ်မေးလ်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို မြှင့်တင်ရေးအတွက် ထူးခြားသော အခန်းကဏ္ဍများရှိခဲ့ပြီး မလေးရှားအနေဖြင့် ကမ္ဘော ဒီးယားနိုင်ငံအတွင်း သတင်းအချက်အလက်နည်းပညာနှင့် ဘဏ္ဍာရေးနည်းပညာ (Fintech) အပိုင်းတွေ မှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အပြင် အသေးစားအလတ်စားစီးပွားရေ းလုပ်ငန်းများ အတွက်လည်း ရင်းနှီးမြှုပ်နှံရေးအတွက် စိတ်ဝင်စားမှုရှိခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။  

မလေးရှားနိုင်ငံအနေဖြင့် ကိုဗစ်  ၁၉ ကာကွယ်ဆေးထိုးနှံပေးမှုနှုန်းက အမြင့်ဆုံးထိဆောင်ရွက်ထား နိုင်ပါက မဝေးသော အနာဂတ်ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် နယ်စပ်ကို ပြန်လည် ဖွင့်လှစ်နိုင်မည်ဟု မစ္စတာ အစစ်မေးလ်က ပြောကြားခဲ့ပါသည်။ 

“ကျွန်ုပ်တို့ရဲ့ နယ်စပ်မျဥ်းတွေ ပြည့်ပြည့်ဝဝ ပြန်ဖွင့်တဲ့ အချိန်က ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ကဏ္ဍအမျိုး မျိုးမှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ အတော်လေးမြင့်တင်သွားနိုင်မယ်” လို့ မလေးဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ 

အာဆီယံမူဘောင်အရ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော ကမ္ဘော ဒီးယားကို အပြည့်အဝထောက်ခံမှုပေးပြီး အစုအဖွဲ့ရဲ့  ဗဟိုပြုအင်အား၊ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွား စသော အရာများကို ထိန်းသိမ်း နိုင်ဖို့ ကမ္ဘောဒီးယားနှင့် အတူ လက်တွဲလုပ်ဆောင်သွားရန် မလေးဝန်ကြီးချုပ်မှ သိန္ဓိဌာန်ပြု ပြောကြားခဲ့ ပါသည်။ 

မလေးဝန်ကြီးချုပ်သည် ဗုဒ္ဓဟူးနေ့ကတည်းက သူ၏ နှစ်ရက်ကြာ တရားဝင်အလည်အပတ်ခရီးစဥ် အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.