ဘန်ကောက်၊ ဒီဇင်ဘာ ၃၀

ထိုင်းနိုင်ငံအတွင်း ခရိုင်ဒေသန္တရ ၃၃ ခုတွင် အိုမီခရွန်ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ၄၈၉ ဦးသည် ပြည်ပမှလာသော ကူးစက်မှုများဖြစ်ကာ ကျန်ရှိသော ပမာဏသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်လိုက်ပါသည်။ 

ဆေးသိပ္ပံဦးစီးဌာန အထွေထွေဒါရိုက်တာ ဒေါက်တာ ဆူပါကစ်ဆီရီလပ်က “အိုမီခရွန်သည် အလျင်အမြန် ကူးစက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် အမှန်တကယ် ပြင်းထန်ခြင်းမရှိပေ” ဟု ပြောကြားခဲ့သည်။ 

အကြမ်းဖျဥ်းအားဖြင့် လူဦးရေ ၅၀၀၀၀ နီးပါးတွင် ကိုဗစ် ၁၉ ဖြစ်ပေါ်ခဲ့သည်ဟု မှတ်တမ်းတင်ခဲ့သည့် အချိန်အတွင်း တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် အိုမီခရွန်ကူးစက်မှုဖြစ်ရပ်အသစ် ၂၀၀ ဦးအထိ အတည်ပြု ထားနိုင်ခဲ့သည်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။  

“ဒေသတွင်း အိုမီခရွန်ကူးစက်မှုအားလုံးမဟုတ်ရင်တောင် အများစုက ပြည်ပမှ ဝင်ရောက်လာတဲ့ ကူးစက်မှုများနှင့် ဆက်စပ်မှုရှိပါတယ်”ဟု ဒေါက်တာ Supakit က ပြောကြားခဲ့သည်။ 

ကလားဆင်ဒေသန္တရ၏ အရှေ့မြောက်ပိုင်းရှိ အိုမီခရွန်အကြီးစားကူးစက်မှုများသည် အရေအတွက် ၂၀၀ ကျော်ထိ ရှိလာခဲ့ပြီး လမ်ဖွန် ခရိုင်/ဒေသန္တရ မြောက်ဘက်  အနည်းဆုံး လူ ၄ ဦးတွင် Kalasin အစုအရုံ နှင့် ဆက်စပ်ပြီး ထိုမျိုးကွဲဗီဇပိုး ကူးစက်ခံထားရသည်ဟု အတည်ပြုထားနိုင်ခဲ့သည်။ 

အိုမီခရွန် အစုအပြုံလိုက်ကူးစက်မှုကို ဘယ်လ်ဂျီယမ်နိုင်ငံမှ ပြန်လာသော လင်မယားနှစ်ဦးထံမှ အစ ပျိုးလာခဲ့ခြင်းဖြစ်သည်။ 

ယခင်ဗိုင်းရပ်စ်ကို ကာကွယ်သည့် နည်းလမ်းအတိုင်း ကာကွယ်ခြင်းသည် ထိရောက်မှုရှိပြီး အဝတ်ဖြင့် ပြုလုပ်ထားသော နှာခေါင်းစည်းများသည် အိုမီခရွန်ရောဂါပိုးကို ကာကွယ်ဖို့ဖြစ်နိုင်သည်ဟု ဒေါက်တာ Supakit က ပြောကြားခဲ့သည်။ 

အိုမီခရွန်ရောဂါပိုးကို စစ်ဆေးအတည်ပြုဖို့ အာရုံစိုက်နေစဥ်အတွင်း ဆေးသိပ္ပံဦးစီးဌာနအနေဖြင့် အခြားသော ဗီဇမျိုးစိပ်များဖြင့် ကိုဗစ် ၁၉ ကူးစက်ခံထားရသူများကိုလည်း ကျပန်းစနစ်ဖြင့် စစ်ဆေးနေ ပြီး နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ဗီဇ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာရေးအတွက် ထိရောက်မှုရှိစေ သည်ဟု ဒေါက်တာ Supakit က ပြောကြားခဲ့သည်။ 

နှစ်သစ်ကူးအားလပ်ရက်များမှ ပြန်လည်ရောက်ရှိလာချိန်တွင် အစိုးရဝန်ထမ်းများသည် ၂ ပတ်ကြာ Work from Home ပြုလုပ်ရန် အရေးကြီးကိစ္စအဖြစ် တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ဖို့ CCSA မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားခဲ့သည်။ 

ဤအတိုင်းအတာသတ်မှတ်ချက်သည် ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှုကို တားမြစ်ရေးအတွက် ဦးတည်ခြင်း ဟု  CCSA ၏ ပြောရေးဆိုခွင့် ဒေါက်တာ တာဝီဆလစ် ဗီစနုယိုတင်း Taweesilp Visanuyothin က ပုဂ္ဂလိကကုမ္ပဏီများကိုလည်း ထိုအတိုင်း လိုက်နာဆောင်ရွက်စေလိုသည်ဟု ဖြည့်စွက်ပြောကြား ခဲ့သည်။ 

ဘန်ကောက်၌ ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ်များ မြင့်တက်လာနေချိန်အတွင်း ကူးစက်မှုနှုန်း မြင့်တက်လာနိုင်ခြင်းနှင့်အတူ အရှေ့မြောက်ပိုင်းရှိ နောက်ထပ် ခရိုင်ဒေသန္တရ ၁၀ ခုကို ထည့်သွင်းခဲ့ ပြီဖြစ်သည်။ 

ဤအခြေအနေသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ကိုဗစ် ၁၉ အခြေအနေ၏ ပြင်းထန်နိုင်ချေကို ညွှန်ပြနေသည်။ ထိုဒေသများသို့ ခရီးထွက်ကြမည့် လူအများအနေဖြင့် မိမိကိုယ့်ကို အထူးကာကွယ် ရမည်ဟု ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာ နှစ်သစ်ကူးပျော်ပွဲများတွင် အထူးဂရုပြုကြရန် လိုအပ်ပြီး နှစ်ခေါင်း စည်းများကို အစဥ်အမြဲဝတ်စားထားကြဖို့နှင့် လူစုလူဝေများကို ရှောင်ရှားဖို့ တိုက်တွန်းခဲ့သည်။ 

ဆက်စပ်သတင်းများတွင် ဘန်ကောက်မြို့ပြအုပ်ချုပ်သူအရာရှိ Aswin Kwanmuang သည် ဖျော်ဖြေ ရေးပရဝုဏ်များ အထူးသဖြင့် ဘီယာဆိုင်များ၊ ဘားများ၊ အနှိပ်ခန်းများနှင့် ကာရာအိုကေများကို ဇန်နဝါရီ ၁၅ ရက်နေ့ အထိ ပိတ်ထားကြရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.