ဘန်ကောက်၊ ဒီဇင်ဘာ ၂၉

အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အွန်လိုင်းစာသင်ခန်းများကို ပြန်လည် သတ်မှတ်လိုက်ချိန်အတွင်း အစိုးရဝန်ထမ်းများသည်လည်း နှစ်သစ်ကူးပြီးသည်နှင့်တပြိုင်နက် Work from Home စနစ်ဖြင့် အလုပ်လုပ်ကြရမည် ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက် သည်။ 

ပုဂ္ဂလိကကဏ္ဍအတွင်းရှိ ဝန်ထမ်းများကိုလည်း Work from Home စနစ် သတ်မှတ်ရန်အတွက် တိုက်တွန်း ထားသည်။ 

အင်္ဂါနေ့က ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးမတိုင်ခင် ပြောကြားချက်တွင် ပြည်သူ့ကျန်းမာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Sathit Pitutecha က ဝန်ကြီးဌာနအနေဖြင့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု အခြေအနေကို အစိုးရအဖွဲ့ထံ တင်ပြပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ရောဂါပိုးအသစ်ဖြစ်ပေါ်ကူးစက်သော လူနာများတွင် ပြင်းထန်လက္ခဏာများကို မတွေ့ရသော်လည်း အိုမီခရွန် ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးပမ်းကြရမှာဖြစ်သလို နိုင်ငံပြန်လည်ဖွင့်လှစ်ခြင်းအစီအစဥ်အပေါ် သက်ရောက်မှုများကို ရှောင်ရှားနိုင်ဖို့ ကူးစက်ဖြစ်ပေါ်များအား အနည်းဆုံးအခြေအနေ အထိလျှော့ချနိုင် ရမည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

မစ္စတာ Sathit ၏ ‌ပြောကြားချက်အရ နှစ်သစ်ကူးကာလအတွင်း ကြီးမားသော လူစုလူဝေးများ ဖြစ်ပေါ်ရန် ရှိသည့်အတွက် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုကို ရှောင်ရှားဖို့အတွက် ခက်ခဲမည်ဟု ဝန်ခဲ့ပြောကြားခဲ့သည်။

“အကယ်၍ လူတိုင်းက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ နှစ်သစ်ကူးပြီးတဲ့အချိန်မှာ အသစ်ဖြစ် ပေါ်  ကူးစက်မှုရဲ့ ကိန်းဂဏန်းတွေက ခုန်တက်သွားမှာမဟုတ်ပါဘူး၊  အတိုင်းအတာများကိုလည်း ပိုပြီး ဖြေ လျှော့ သွားနိုင်မှာဖြစ်ပါတယ်”ဟု သူက ပြောကြားခဲ့သည်။ 

၁၂ အရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံခြင်းမရှိသည့် အခြေအနေနှင့် ပတ်သက်၍ ကူးစက်ခံရနိုင်ခြင်းကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့အတွက်ကြောင့် ကလေးသူငယ်များအကြား ဖြစ်ပေါ်လာမည့် ကူးစက်ဖြစ်ပေါ်မှုအတွက် ပြင်ဆင်ထားဖို့ ဘန်ကောက်မြို့ပြစီမံအုပ်ချုပ်ရေး၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဆေးရုံများကို ဝန်ကြီးဌာနအနေဖြင့် ပြောကြားပြီးဖြစ်သည်ဟု မစ္စတာစထစ်က ပြောကြားခဲ့သည်။ 

ပြင်းထန်လက္ခဏာဖြစ်ပေါ်သူများအတွက်  ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုခံယူနိုင်ဖို့ ညွှန်ကြားထားမည် ဖြစ်သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်မှု ဖြစ်ရပ် အသစ်မှာ ၂၃၀၅ ဦးအထိရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၃၂ ဦးနှင့်အထက် ရှိသည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.