မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆)

 
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဆားလုပ်ငန်းမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

 ဆားတောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာတာ၊ အလုပ်သမား စရိတ်တွေလည်း ပိုမြင့်လာတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆားအနည်းငယ် ထွက်ရှိလာပြီး ဖြစ်ပေမယ့် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက်ကြောင့် တွက်ခြေမကိုက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆားတောင်သူ တစ်ဦးက ပြောပါတယ်။

ဆားဈေးနှုန်းဟာ အခုအခါမှာတော့တစ်ပိဿာ ကျပ် ၁၂၀ လောက် ပေါက်ဈေးရှိနေမယ့် ဆားလှိုင်လိုင်ထွက်ကာလမှာ ဆားဈေးနှုန်း ထပ်ကျလာမှာကို တောင်သူတွေ စိုးရိမ်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အဓိက ထုတ်လုပ်နေတာဖြစ်ပြီး နှစ်စဉ် အောက်တိုဘာကနေ မေလအထိလုပ်ကိုင်ကြတာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ နှစ်စဉ် နေလှန်းဆား ဆားမက်ထရစ်တန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိခဲ့တာဖြစ်ပြီး မနှစ်ကတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းတွေ ပျက်စီးပြီး ဆာားထွက်ရှိနှုန်း ထက်ဝက်ခန့် လျော့ကျခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.