December 23, 2021

လျှပ်စစ်မီး မကြာခဏ ပြတ်နေလို့ စက်မှုလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) မွန်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အသေးစားနဲ့ အလတ်စား စက်မှု လက်မှုလုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စက်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနဟာ အခုအခါ လျှပ်စစ်မီးတွေကို တစ်နေ့ ၂ ကြိမ်နီးပါး ဖြတ်တောက်တာတွေ ရှိနေသလို တစ်ခါ…

ပြည်ပအဝယ်နည်းနေလို့ မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ ပဲပုတ် ဈေးနှုန်း ထိုးကျ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) ပြည်ပအဝယ်နည်းနေတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ ပဲပုတ်ဟာ ပြီးခဲ့တဲ့ ၃ လနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကို ကျပ် တစ်သောင်း ကျော်ထိ ဈေးနှုန်းကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တစ်တင်း ကျပ် ၅၀၀၀၀ ကျော်ထိ ရှိခဲ့တဲ့ မတ်ပဲဟာ ဒီဇင်ဘာလမှာတော့ တစ်တင်း ကျပ်…

ကရင်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီကနေ့မှာတော့ မြဝတီမြို့နယ် သေဘောဘိုးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထပ်မံတိမ်းရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လတ်တလောမှာ…

Test and Go အစီအစဥ်ဖြင့် ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း မကြာသေးမီက ခွင့်ပြုထားသော ဧည်သည့်များကိုမူ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးထား

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ဆိုင်းငံ့လိုက်ပြီဖြစ်သည့် Test and Go အစီအစဥ်မှတဆင့် ကွာရန်တင်းလိုအပ်ချက်မရှိဘဲ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ရရှိထားသည့် ခရီးသည် ၂၀၀,၀၀၀ ကျော်နှင့်ပတ်သက်သည့် အခြေအနေများကို ထိုင်းအစိုးရမှ တရားဝင်ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ ကိုဗစ်အခြေအနေထိန်းချုပ်ရေးဗဟိုစင်တာ (CCSA) သည် Test and Go အစီအစဥ်ကို ဗုဒ္ဓဟူးနေ့မှစ၍ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သော်လည်း မကြာသေးမီက အတည်ပြုရရှိထားသူများအနေဖြင့်…