မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုစွဲတင်လိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD အမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ချုပ်ရက် ရမန်ပြည့်ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုစွဲတင်လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ အမိန့်ချမှတ်နိုင်ပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတောNLD အမတ် ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.