ဂျပန်နိုင်ငံတွင်းသို့ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသူ/သားဝင်ရောက်ခြင်းကိုသာ ခွင့်ပြုအုံးမည်
တိုကျို၊ နိုဝင်ဘာ ၂ ဂျပန်အစိုးရအနေဖြင့် ကာလတို စီးပွားရေးလုပ်ငန်းခရီးစဥ်များ၊ ကျောင်းတက်ရန်နှင့် နည်းပညာ ဆိုင်ရာ သင်တန်းများတက်ရောက်ရန် နိုင်ငံအတွင်းသို့ဝင်ရောက်လာကြမည့် နိုင်ငံခြားသားများအတွက် ကိုဗစ်-၁၉ စည်းကမ်းများကန့်သတ်ထိန်းချုပ်မှုကို ဖြေလျှော့ပေးရန် လုပ်ဆောင်နေသည်။ ဤဖြေလျှော့မှုတွင် ခရီးသွားဧည့်သည်များ မပါဝင်သေးပါ။ ဂျပန်အစိုးရအနေဖြင့် ယခုသီတင်းပတ် အစောပိုင်းတွင် မူဝါဒအပြောင်းအလဲများကို ထုတ်ပြန် ကြေငြာ နိုင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း ယခုလအတွင်း စတင်နိုင်မည်ဟု မျှော်မှန်းထား…