November 2021

မွေးမြူရေးလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေလို့ ဆက်လက် မတောင့်ခံနိုင်တော့

မော်လမြိုင် ၊ နိုဝင်ဘာ (၅) မွေးမြူရေးလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေပြီး ဆက်လက် တောင်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက မွေးမြူရေး လုပ်ငန်းတွေ ဖြစ်တဲ့ ကြက်၊ဘဲနဲ့ ဝက်မွေးမြူရေး လုပ်ငန်းတွေဟာ အစားဈေးနှုန်း ကြီးမြင့်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့…

ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ဆို

မော်လမြိုင်၊ နိုဝင်ဘာလ ၄ ကရင်ပြည်နယ်၊ မြဝတီမြို့က ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးမှာ PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်…

သမီးဖြစ်သူနိုင်ငံရေးထဲဝင်လာခြင်းက သက်ဆင်မိသားစု ထိုင်းနိုင်ငံရေးထဲ ပြန်လာဖို့ ဖြစ်နိုင်ဟု သုံးသပ်

ဘန်ကောက်၊ နိုဝင်ဘာ ၃ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သည့် ဖွေထိုင်း ပါတီအတွင်း ဝန်ကြီးချုပ်ဟောင်း သက်ဆက် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူက တာဝန်အခန်းကဏ္ဍတစ်ခုနှင့် ပါဝင်လာခြင်းသည် ရှင်နာဝါထရာ မိသားစု ပြန်လာမည်ဟူသော ကောလဟာလများကို သေချာစေရန် မီးမောင်းထိုးပြသနေခြင်းဖြစ်သည်။ ဤအခြေအနေသည် မစ္စ Paetongtarn “Ing” Shinawatra ၏ ပထမဦးဆုံးအကြိမ် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ပါတီ၏ ပေါင်းစည်းရေးနှင့်…

ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

မော်လမြိုင် ၊ နိုဝင်ဘာ (၄) ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို…

စားဝတ်နေရေး ကြပ်တည်းလို့ အဟာရ မပြည့်ဝတဲ့ ပြဿနာကို မသန်စွမ်းသူတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) စစ်တပ် အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေ အလုပ်အကိုင် မရှိတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ မသန်းစွမ်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာနဲ့အတူ ဝင်ငွေ မရှိတော့တဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ မိသားစုအတွင်း လူမှုရေး ပြဿနာတွေအပြင် စားဝတ်နေရေး…

သွင်းအားစုကုန်စည် ဈေးမြင့်မှုကြောင့် စပါးပေါ်ကာလမှာ အရှုံးပေါ်မှာ တောင်သူတွေ စိုးရိမ်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) စပါးပေါ်ကာလမှာ တောင်သူအများစု အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး သွင်းကုန်ပစ္စည်းတွေ ဈေးမကျရင် လယ်ယာမြေကို စွန့်လွှတ်ရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေးစပါးအတွက် အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ထားတယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။…

ထားဝယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲ တိုက်ခိုက်ခံရ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြေးခန္တီးကျေးရွာအနားမှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဖြူမြို့နယ် သစ်ကတိုးရွာကနေ မြေးခန္တီကျေးရွာကို ချီတက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရလိုက်ရတာ ဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းသုံးလုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့…

အရင်ကထက် ပိုပြီးအရေးပါလာတဲ့ အာဆီယံ

အာဆီယံထိပ်သီးအစည်းအဝေးများတွင် လွှမ်းမိုးထားသောအကြောင်းအရာက မြန်မာနိုင်ငံ၏ “ပုံမှန်မဟုတ်သော အကြပ်အတည်း” ဖြစ်သည်။ ထိုအကြောင်းအရာလွှမ်းမိုးထားချိန်မှာပဲ မြန်မာနိုင်ငံ၏ဆွေးနွေးဖက် ၉ နိုင်ငံက မြန်မာမပါဝင်သောထိပ်သီးအစည်းအဝေးကို ပြီးခဲ့သောရက်သတ္တပတ်က ကျင်းပခဲ့ကြသည်။ အာဆီယံသည် ပြည် တွင်းပြည်ပမှ အရေးကြီးသောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသောကြောင့် ကမ္ဘာသစ်ရှာပုံတော် အစီအစဥ် ကြီးတွင် အဖွဲ့၏ဗဟိုကျမှုနှင့် ဆီလျော်ဆက်စပ်မှုတို့ကိုလည်း မီးမောင်းထိုးပြနေသည်။ မကြာသေးသောဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးသည် အရေးကြီးသော အောင်မြင် မှုများ အတွက်…