November 30, 2021

လိုင်စင်မဲ့ယာဥ် ဆက်တိုက်ဖမ်းဆီးနေလို့ ဘားအံမှာ ကုန်စည်ရောင်းဝယ်မှု ချက်ချင်းထိုးကျ

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း အရောင်းအဝယ်လုပ်တာ မရှိသလောက် နည်းပါးလာတယ်လို့ ကုန်ပစ္စည်းတင်ပို့ရောင်းချနေသူတွေက ပြောပါတယ်။ ဘားအံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူတွေအတွက်…

ပဲ့စင်ကျွန်းက နှင်ထုတ်ခံရလို့ ဒေသခံတွေ ဝမ်းရေး အခက်ကြုံ

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပဲ့စင်ကျွန်းပေါ် မှီခိုလုပ်ကိုင်စားသောက်နေသူတွေကို စစ်ကောင်စီရေတပ်က လာရောက် နှင်ထုတ်နေတဲ့အတွက်ကြောင့် မိသားစု ဝမ်းရေးအတွက် အခက်အခဲ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲ့စင်ကျွန်းပေါ် မှီခိုလုပ်ကိုင်စားသောက်နေသူတွေအနေနဲ့ အခုနိုဝင်ဘာလအကုန်မှာ အပြီးထွက်ခွာကြဖို့နဲ့ မထွက်ခွာရင် ပစ်ခတ်ရှင်းလင်းမယ်လို့ စစ်ကောင်စီရေတပ်က ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ ပဲ့စင်ကျွန်းဟာ လောင်းလုံးက ဒေသခံ ရေလုပ်သားတွေ…

သွင်းအားစုကုန်စည် ဈေးမြင့်မှုကြောင့် နွေစပါးစိုက်ဖို့ တောင်သူတွေ အခက်တွေ့

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်စည်တွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် အခုနှစ် နွေစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေကြတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။ တောင်သူလယ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်း ၂ ဆကျော် မြင့်တက်လာတဲ့ ပြဿနာကို…

အိုမီခရွန်ကူးစက်မှုကို ဟန့်တားနိုင်ရန် အာဖရိက ၈ နိုင်ငံမှ ဝင်ရောက်လာမည့် ဆိုက်ရောက်ခရီးသည်များကို အင်ဒိုနီးရှားပိတ်ပင်ထား

ဂျာကတာ၊ နိုဝင်ဘာ ၂၉ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံ ၈ နိုင်ငံအတွင်းရောက်ခဲ့သော ခရီးသည်များကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် အိုမီခရွမ် ကူးစက်မှုကို ဟန့်တားနိုင်ရန် နိုင်ငံ အတွင်းသို့ ဆိုက်ရောက်ပြီးဖြစ်သော ခရီးသည်များအားလုံးအတွက် ကွာရန်တင်းနေထိုင်ချိန်ကို တိုးမြှင့် သွားမည်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားခဲ့သည်။ တောင်အာဖရိက၊ ဘော့စ်ဝါနာ၊ နမ်မီဘီယာ၊…