ဘန်ကောက်၊ နိုဝင်ဘာ ၂၇

အိုမီခရွမ်လို့အမည်ပေးထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ ကိုဗစ်ရောဂါမျိုးစိတ်သစ်ကို တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ကြောင်း သောကြောနေ့မှာ ကမ္ဘာကျန်းမာရေးအဖွဲ့ က ကြေငြာလိုက်ပါတယ်။

အိုမီခရွမ်ဟာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲတွေအထဲမှာ အပြင်းထန်ဆုံးအမျိုးအစားထဲမှာ ပါတာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ Alpha, Beta နဲ့ Gamma မျိုးစိတ်ပေါင်း Delta မျိုးစိတ်ထက် ကျော်လွန်ပြီး ဆိုးရွားနိုင်တယ်လို့ ဖော်ပြပါတယ်။

သောကြာနေ့မှစပြီး အိုမီခရွန်ပိုးပျံ့နှံ့မှုလျော့နည်းစေဖို့အတွက် ပြည်တွင်း လေကြောင်းလိုင်းတွေကို ဖျက်သိမ်းလိုက်သလို ယင်းသက်ရောက်မှုကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးတွေနဲ့ ဆီဈေးတွေလည်း ရုတ်ချည်းကျဆင်းကုန်ကာ ကမ္ဘာ့စီးပွားရေးပြန်လည်ကုစားမှုအတွက် ကြီးကြီးမားမားထိုးနှက်လာနိုင်ဖွယ်ရှိသည်။

ကိုဗစ် ၁၉ ရောဂါမျိုးစိတ်ပြောင်းလဲလာမှုဖြစ်စဉ်တွေ့ရှိချက်ကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အိုမီခရွမ်လို့အမည်ပေးထားတဲ့ မျိုးစိတ်ကွဲ B.1.1.529 အဖြစ်သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာချက်မှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အိုမီခရွမ်ရဲ့ ကူးစက်မှုပြောင်းလဲလာပုံ၊ ရောဂါပြင်းထန်မှုတွေအတွက် ကာကွယ်၊ စမ်းသပ်၊ ကုသနိုင်ဖို့ ရက်သတ္တပတ်အနည်းငယ်လောက်စောင့်ကြည့်လေ့လာရအုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရောဂါပြန်လည်ကူးစက်လာနိုင်မည့်အရေး စိုးရိမ်

SARS-CoV-2 ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲလာမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နည်းပညာအကြံပေးအဖွဲ့၏ အရေးပေါ်အွန်လိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး မျိုးစိတ်ပြောင်းလဲလာမှုကို သတ်မှတ်ခဲ့ကြသည်။

အဆိုပါ ကူးစက်မှုကို တောင်အာဖရိကမှာ တွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ အစီရင်ခံခဲ့ပါတယ်။

အိုမီခရွမ်ကို ပထမဆုံးကူးစက်ခံရခဲ့သူလို့ဆိုနိုင်သူရဲ့ ဓါတ်ခွဲနမူနာကို နိုဝင်ဘာ (၉)မှာ ရရှိခဲ့ပြီးနောက် ရက်သတ္တပတ်အကြာမှာ တောင်အာဖရိကတဝန်း ရောဂါဖြစ်ပွားမှုမြင့်တက်လာခဲ့ပြီး စုံစမ်းမှုတွေ စတင်ခဲ့ပါတယ်။

ရောဂါမူကွဲတွင် သန္ဓေပြောင်းမျိုးစိတ်များစွာရှိတဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ကနဦးတွေ့ရှိချက်တွေမှာတော့ အခြားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေထက် ပိုပြီး ပြင်းထန်တယ်လို့ နှိုင်းယှဉ်အကြံပြုထားပါတယ်။

လက်ရှိမှာတော့ တောင်အာဖရိကရှိ ခရိုင်အတော်များများနီးပါးမှာတော့ အဆိုပါ အိုမီခရွမ်မျိုးစိတ် ပိုမိုများပြားစွာ တွေ့ရှိလာနေရတယ်လို့ဆိုပါတယ်။

ဂရိဝေါဟာရစကားလုံးအဖြစ် အမည်ပေးခြင်း

အချိန်တခုကျော်လွန်တဲ့အခါ သန္ဓေပြောင်းလေ့ရှိတဲ့ ဗိုင်းရပ်စ်မျိုးစိတ်ထဲမှာ ကိုဗစ်-၁၉ ရောဂါလည်းပါဝင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းကနေစတင်ကာ ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးကို ထိခိုက်စေခဲ့တဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေ ထက် ပိုမိုဆိုးရွားတဲ့ ရောဂါကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းခဲ့တာပါ။

အသစ်တွေ့ရှိတဲ့ မျိုးစိတ်ကို စတင်တွေ့ရှိတာ ဒေသအတွက် အမည်းစက်မထင်စေရန် ဂရိဝေါဟာရ စကားလုံးတစ်ခုဖြစ်တဲ့ အိုမီခရွမ်လို့ အမည်ပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ ကမ္ဘာ့နိုင်ငံတွေကို ဆက်သွယ်ခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့နိုင်စွမ်းနဲ့ သက်ရောက်မှုတွေကို ပိုမိုသိရှိစေဖို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နည်းပညာဆိုင်ရာအဖွဲ့ဦးဆောင်သူ မာရီယာ ဗန် ခါခို့က ပြည်သူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုမိုမပျံ့နှံ့စေဖို့အတွက် ထိန်းချုပ်ကြရန် တိုက်တွန်းခဲ့ပါတယ်။

အများပြည်သူတွေရဲ့ စိုးရိပ်ပူပန်မှုကို နားလည်ပါတယ်။ သို့သော် ပိုမိုမပြန့်ပွားစေဖို့ တဦးခြင်းစီက လိုက်နာရန်မှာ ပိုအရေးကြီးပါတယ်လို့ သူမက ထပ်ပြောပါတယ်။

ဆက်လက်ပြီးတော့ ခပ်ခွာခွာနေကြဖို့၊ Mask တပ်ကြဖို့၊ လူစုလူဝေးကို ရှောင်ကြဖို့၊ ကျန်းမာအောင်နေကြဖို့အပြင် ကာကွယ်ဆေးတွေလည်း မဖြစ်မနေထိုးကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ခရီးသွားလာခြင်းဆိုင်ရာ စိုးရိမ်ချက်များ

တောင်အာဖရိကမှ လွဲပြီး မာလာဝီမှ ပြန်လာတဲ့ အစ္စရေးတဦးတွင်လည်းကောင်း၊ ဘော့ဝါနီ၊ ဘယ်လ်ဂျီယံနဲ့ ဟောင်ကောင်နိုင်ငံတွေမှာလည်း အဆိုပါ အိုမီခရွမ်ကူးစက်မှုတွေ ရှိလာနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ သတိပေးမှုတွေကြောင့် ခရီးသွားလာမှုကို တားမြစ်နေခဲ့ပြီး နိုင်ငံတွေမှာတော့ အဆိုပါသတင်းကြောင့် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းမှုတွေရှိလာပါတယ်။

ခရီးသွားလာခြင်းဆိုင်ရာတားမြစ်ချက်တွေကို ဂရုစိုက်ကြဖို့အတွက် ထပ်မံပြီး မှာလိုပါတယ်ဟု ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းလင်ဒါမီရီယာက သတင်းထောက်တွေကို ပြောပါတယ်။

Ref: Bangkok Post

ဓါတ်ပုံအညွှန်း – ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို တွေ့ရှိခဲ့သည်ဆိုသော သတင်းထုတ်ပြန်မှုအပြီးတွင် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နာဘတ်မြို့မှ လန်ဒန်သို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်းကို ကြေငြာထားသည့်ပုံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.