ဘန်ကောက်၊ နိုဝင်ဘာ ၂၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (ဒွန် ဖရာမွတ်ဝီနိုင်)က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ ခရီးစဥ်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေရေး အတွက် ခြုံငုံသုံးသပ်ရန် ဖြစ်သည်ဟု  ကြာသပ‌တေးနေ့က အောက်လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ 

နိုင်ငံခြားရေးဝန်ကြီး၏ နိုဝင်ဘာလ ၁၄ ရက်နေ့ ခရီးစဥ်နှင့် ပတ်သက်၍ ဖွေထိုင်းပါတီကိုယ်စားပြု လွှတ်တော် အမတ် ၏ မေးခွန်းကို တုံ့ပြန်ဖြေကြားရာတွင် မစ္စတာ Don က ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံ တကာများမှ မြန်မာနိုင်ငံအတွင်းရှိ လိုအပ်နေသူများထံ ပေးအပ်သော ဆေးဝါးအထောက်အပံ့များ အပါအဝင် အလေးချိန်အားဖြင့် ၁၅ တန်ခန့်ရှိသော အကူအညီကို ဖြန့်ဝေနိုင်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြော ကြားခဲ့သည်။ 

Unicef၊ WHO၊ မဲဖလောင် ဖောင်ဒေးရှင်းမှ ထပ်မံပေးအပ်သော အလေးချိန် ၂ တန်ခန့်ရှိ သည့်  အကူအညီများကို နောက်‌‌နေ့တွင် ဖြန့်ဝေပေးမည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဥ်သည် အကူအညီဖြန့်ဝေရေး ဆောင်ရွက်နိုင်ရန်အတွက်သာ ချိတ်ဆက် ဆောင်ရွက်ဖို့ ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။ 

“အမေရိကန်ပြည်‌ထောင်စုနှင့် တွေ့ဆုံပြီးသည့်နောက်မှာ မိတ်ဖက်အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများက  (မြန်မာနိုင်ငံသို့) သွားရောက် ကူညီရန် ထိုင်းနိုင်ငံကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။  

မြန်မာနှင့်ထိုင်းနိုင်ငံအကြား ကီလိုမီတာ ၂၄၀၀ ကျော်ထိစပ်နေသော နယ်ခြားမျဥ်းကို ထောက်ထား၍ လူချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များနှင့် ထိုင်းနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် ထိုအလည်အပတ်ခရီးကို သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ Don က ပြောကြားခဲ့သည်။ 

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ကိုဗစ် ၁၉ ကာကွယ်ဆေးများ ပေးအပ်လှူဒါန်းသည်ဟူသော အကြောင်း အရာနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ငြင်းဆိုထားခဲ့သည်။ မည်ကဲ့သို့သော ကာကွယ်ဆေးလှူဒါန်း ခြင်းကိစ္စရပ်များကိုမဆို အစိုးရအဖွဲ့နှင့် ကာကွယ်ဆေးထုတ်လုပ်သူများမှ သိရှိပြီးမှသာလျှင် ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။  

ဖေ‌ဖော်ဝါရီလအတွင်းက ရွေးကောက်ခံအစိုးရကို ဖယ်ရှားသော စစ်အာဏာသိမ်းအစိုးရကို တရားဝင်အသိ အမှတ်ပြုနိုင်ခြင်းဟူသော ဖွေထိုင်း ပါတီအမတ် မစ္စတာ Sutin ၏ လေ့လာတွေ့ရှိချက်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးမှ တုံ့ပြန်ရာတွင် သူအနေဖြင့် အထောက်အကူဖြစ်စေသော ကြိုးစားအားထုတ်မှုများကိုသာ လက်ကိုင် ထားပြီး ပဋိပက္ခကို ရင်ဆိုင်ရန် ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံနှင့် တွေ့ဆုံမှုသည်လည်း အပြုသဘောဆောင်၍ ဖြစ်ထွန်းပေါက်မြောက်သည့် ဆွေး‌နွေးမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။  

သူအလည်အပတ်ခရီးစဥ်၏ အကျိုးရလဒ်တစ်ခုအနေဖြင့် နောက်လအတွင်း အမေရိကန်ပြည်ထောင်စုမှ ဦးဆောင်ကျင်းပမည့် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ထိုင်းနိုင်ငံအား ဖိတ်ကြားခြင်း မရှိဟူသော အခြေအနေကို ရရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုများကို မစ္စတာ Don က ငြင်းပယ်ခဲ့ သည်။ 

“ဒီထိပ်သီးဆွေးနွေးပွဲက ပုံမှန် ကျင်းပမှု မဟုတ်ပါဘူး။ ပြီးတော့ တစ်ခါတစ်ရံကျ ကျွန်ုပ်တို့က ဖိတ်ကြားခံရတဲ့ စာရင်းထဲ ပါ မနေတာတောင် ဝမ်းသာခဲ့ကြရတာပါ။ အကယ်လို့ ဖိတ်ကြားခံရမယ်ဆိုရင်လည်း ကျွန်ုပ်တို့ လက်ခံ သင့်/မသင့် စဥ်းစားသွားဖို့ ရှိပါတယ်။ အရေးကိစ္စအတော်များများမှာမှ ဒါက အသွားနှစ်ဖက်ပါတဲ့ ဓါးတစ်ချောင်းလိုပါပဲ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.