October 19, 2021

မွန်ပြည်နယ်က ဖမ်းဆီးခံထားရသူ (၂၀၀)ကျော် ပြန်လည်လွတ်မြောက်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက်ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး၊ အဲဒီထဲက ၂၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်းရေး ဆန္ဒပြပွဲပါဝင်ပြီးနောက် ပြစ်ဒဏ်ကျခံနေရသူ (၃၅)ဦးနဲ့ အမှုဖွင့်ရင်ဆိုင်နေရသူ (၁၈၀) ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့ နဲ့ ၁၉ ရက်နေ့ နှစ်ရက်…

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်သူများကို အရေးယူသွားမည်

တနင်္သာရီ၊ အောက်တိုဘာ ၁၉ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ရဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီက ခေါ်ယူတဲ့ တင်ဒါလုပ်ငန်းများကို ဆွဲယူလုပ်ကိုင်သူများအားလုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသအတွင်းရှိ Underground PDF အဖွဲ့မှ အောက်တိုဘာလ ၁၈ ရက်နေ့က သတိပေးလိုက်တာဖြစ်ပါတယ်။ ပြည်သူအစိုးရကနေ တရားဝင်ခေါ်ယူသော လုပ်ငန်းတွေမဟုတ်တဲ့အတွက် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်မယ့် မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များကိုမဆို စစ်ကောင်စီနဲ့ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့…

ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေ

လောင်းလုံ၊ အောက်တိုဘာ ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲနေထိုင်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က ပျူ စောထီးအဖွဲ့ဝင် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၂၀ ခန့် ရောက်ရှိနေထိုင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီးနောက်ပိုင်း မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊…

ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မတ်လ (၂၇) ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံသတင်းထောက် ကိုထက်မြက်သူဟာ ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ သထုံအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ကိုထက်မြက်သူဟာ ကျိုက်ထိုမြို့က မတ်လ (၂၇)ရက်နေ့ ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် သေနတ်နှင့် ပစ်ခတ်ခံရပြီး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရက်ပေါင်း (၂၀၆)ရက်ကြာ…

၂၀၂၂ ခုနှစ်အစောပိုင်းတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပြန်လည်လက်ခံနိုင်ရေး မြန်မာစစ်တပ် ဆောင်ရွက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၈ လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံခြားသားများအတွက် ခရီးသွားကဏ္ဍ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို အပြီးသတ်ဆောင်ရွက်နေပြီး ရှေ့ပြေးအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဧည့်သည်များကို ဦးတည် သွားမည်ဟု စစ်ကောင်စီရဲ့ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီး ဦးဌေးအောင်မှ ပြောကြားခဲ့ပါတယ်။ လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ် များ လျော့ပါးလာသောကြောင့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ပြည်နယ် အချင်းချင်း…

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့ ကရင်လူငယ်တွေ ငြင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကပေးဖို့ စစ်ကောင်စီက လိုက်လံစည်းရုံးနေပေမယ့် လူငယ်တွေကတော့ ဒုံးကဖို့ ငြင်းဆိုနေကြပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက ဒုံးအပါအဝင် လက်ဝှေ့ပွဲနဲ့ပြခန်းတွေပါ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒုံးဆရာတွေကတော့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့အတွက် လူငယ်တွေကို ကျေးရွာတွေထိ ဆင်းပြီး…

အသက်(၁၂)နှစ်အထက် ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) အာဏာသိမ်း စစ်ကောင်စီဟာ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းက အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီး ဖြစ်ပါတယ်။ အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသား ၇၀၀၀၀ ကျော်ကို စုရပ်နေရာ ၁၄၀ ကျော်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာ…

ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေကို စစ်ဆေးရေး တင်းကြပ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားဖူး လာသူတွေကို စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက မှတ်ပုံတင်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာကအစ တောင်းယူစစ်ဆေးနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာရောက်သူတွေက ပြောပါတယ်။ ဘုရားဖူးလာသူတွေကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက တောင်ခြေ ကင်မွန်းစခန်းက တောင်တက်ကား လက်မှတ်ဖြတ်ရာနေရာနဲ့ ရသေ့တောင်နဲ့ ခြင်္သေ့နှစ်ကောင် မုတ်ဝတွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “တောင်ခြေကင်မွန်းစခန်းကားဂိတ်မှာကတည်းက အကုန်အစုံ…