စင်ကာပူ၊ အောက်တိုဘာ ၆

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မိုင်းခွဲငါးဖမ်းခြင်းနှင့် လေထုညစ်ညမ်းခြင်း အပါအဝင် ကမ္ဘာကြီးပူနွေးမှုကြောင့် ကမ္ဘာ့သန္တာကျောက်တန်း ၁၄ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သန္တာကျောက်တန်းကျန်းမာရေးဆိုင်ရာလေ့လာနေတဲ့အဖွဲ့က ပြောလိုက်ပါတယ်။


အကြီးမားဆုံးထိခိုက်စေသည့်ဒေသတို့မှာ တောင်အာရှနှင့် ပစိဖိတ်ဒေသတို့ကဖြစ်ပြီး အာရေးဗီးယားပင်လယ်ကွေ့၊ ဩစတေးလျကမ်းရိုးတန်းတလျှောက်ဖြစ်ကြသည်ဟု ပညာရှင်များက ပြောကြပါတယ်။


ရာသီဥတုပြောင်းလဲခြင်းက ကမ္ဘာသန္တာကျောက်တန်းတွေအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ခဲ့တယ်လို့ ဩစတေးလျအဏ္ဏဝါသိပ္ပံဌာနမှ အမှုဆောင်အရာရှိချုပ် ပေါဟာဒစ်စတီက ပြောဆိုလိုက်ပါတယ်။


သမုဒ္ဒရာတွေဟာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုတွေ၊ ကမ္ဘာမြေပြင်အလွှာကို ကာကွယ်ပေးမှုတွေ၊ ရေအောက်နေသတ္တဝါမျိုးစိတ်များစွာအတွက် လုပ်ဆောင်ပေးနိုင်မှုအတိုင်းအတာကို ကျော်လွန်စွာမကာကွယ်လာနိုင်တော့ပါဘူး။


သန္တာကျောက်တန်းတွေကို ကာကွယ်ဖို့အတွက် ခရီးသွားသူတွေထံမှ ရတဲ့ ဒေါ်လာ ၃၆ ဘီလီယံ အပါအဝင် တစ်နှစ်ကို ဒေါ်လာ ၃.၇ ထီလျံအထိ သုံးစွဲဆောင်ရွက်နေရပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း အရှေ့အာရှဒေသမှ သန္တာကျောက်တန်း ၅ ရာခိုင်နှုန်းနှင့် အရှေ့အပူပိုင်းပစိဖိတ်ဒေသမှ သန္တာကျောက်တန်း ၉၅ ရာခိုင်နှုန်းပျက်စီးခဲ့ပါတယ်။

Ref – The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.