September 21, 2021

မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ ဒေသခံတွေကို စစ်ကောင်စီ အတင်းအဓမ္မ ခေါ်ဆောင်

ရေဖြူ ၊ စက်တင်ဘာ ၂၁ တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်ရှိ သစ်ကတိုးရွာသားတွေကို စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ လမ်းပြတွေအဖြစ် အတင်းအဓမ္မခေါ်ဆောင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဟာမြင်းကြီး သတ္တု မိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခိုးယူသွားသူတွေကို ရှာဖွေဖမ်းဆီးဖို့ တောနင်းရှာဖွေမှုတွေ စစ်ကောင်စီ ပြုလုပ်နေတာ ဖြစ်ပါတယ်။ “သူတို့တွေ တောထဲသွားရင် ဒေသခံ…

စစ်ကောင်စီပူးပေါင်းတပ်အဖွဲ့ကို KNLA မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေဆုံး

သထုံ၊ စက်တင်ဘာ ၂၁ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးမှာ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်အဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။ ပိန္နဲတောအခြေစိုက် စကခ (၈)လက်အောက်ခံတပ်ဖွဲ့နှင့်BGF ပူးပေါင်းတပ်ဖွဲ့ဟာ နယ်မြေကျူးကျော် လှုပ်ရှားသွားလာနေတဲ့အတွက်ကြောင့် တိုက်ခိုက်ရတာလို့ ဆိုထားပါတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက်…

ဘုရားဖူးသွားတဲ့ လူငယ် ၁၂ ဦး ဖမ်းဆီးခံရ

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ သံဖြူဇရပ်မြို့နယ်မှာ တော်သလင်းလပြည့်နေ့ မ‌ေန့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျိုက္ခမီ၊ စက်စဲကို ဘုရားဖူးသွားတဲ့ လူငယ် ၁၂ ဦးကို အာ‌ဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေ ဖမ်းဆီးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာဆိုရင် မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေကနေ ဘုရားဖူးလာသူတွေ ဖြစ်ပြီး ဖောင်စိန်တိုးဂိတ်နဲ့…

KNU တပ်မဟာ ၃ မှာ ဒီနေ့တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်၊ စစ်အုပ်စုဘက်က ၂၀ ကျော် ဒဏ်ရာရ

မော်လမြိုင်၊ စက်တင်ဘာ ၂၁ ရက်အတော်ကြာ တိုက်ပွဲဖြစ်ပွားမှု ရပ်ဆိုင်းနေတဲ့ KNU တပ်မဟာ ၃ နယ်မြေမှာ KNLA နဲ့ စစ်အုပ်တို့ကြား ဒီကနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် KNLA တပ်ရင်း (၉)…

ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူညီမျှမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ KNU ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ ၂၁ ပြည်သူလူထုအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒလမ်းစဉ်အတိုင်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း ပြီးမြောက်အောင်မြင်တဲ့အထိ ကြိုးပမ်းအားထုတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUက ထုတ်ပြန်ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ KNU ဆိုထားပါတယ်။ KNU ရဲ့ ရည်မှန်းချက်ပန်းတိုင်…

ကျိုက်ထိုမှာ အရပ်သား ၂ ဦး မြေမြှုပ်မိုင်းထိ၊ ၁ ဦး ဒဏ်ရာပြင်းထန်

ကျိုက်ထို စက်တင်ဘာ (၂၁) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်‌ေန့ မနက်ပိုင်းက အရပ်သားပြည်သူ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ချောင်းကွေ့ကျေးရွာအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း)…

ပေါင်က Mytel တာဝါတိုင်များကို စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူနေ

မော်လမြိုင်၊ စက်တင်ဘာ ၂၁ သထုံခရိုင် ၊ ပေါင်မြို့နယ်က Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးမခံရအောင် စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးယူနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတဝှမ်းမှာ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ဗုံးခွဲဖျက်ဆီးခံရပြီးနောက် အခုလို လုံခြုံရေးအဖွဲ့တွေက စစ်ဆေး စောင့်ကြပ်လာတာ ဖြစ်ပါတယ်။ ” တာဝါတိုင်တွေကို ဗုံးခွဲတာ၊ မီးရှို့တာတွေ လုပ်လာတာ…

ထားဝယ်မြို့မှာ ဒလန်လို့ လူသိများတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့လယ်မှာ မ‌ေန့စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအမျိုးသမီးနဲ့အတူ အဖော်တစ်ဦးကို ထားဝယ်မြို့၊ ရွှေတောင်စေတီအနီးရှိ ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်းဆိုင်အနားတွင် အမည်မသိလူတစ်စုက သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ” သူနဲ့အဖော်တစ်ဦးပါ၊ သေနတ်ပစ်ခံရတာ၊…

အမေရိကန်သို့ ဒုက္ခသည်ဝင်ရောက်မှုကို နှစ်ဆတိုးမြှင့်ထားသည်ဟု သမ္မတ ဘိုင်ဒန်ပြောကြား

ဝါရှင်တန်၊ စက်တက်ဘာ ၂၁ ဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့သည် အာဖဂန်နစ္စတန်နှင့် အခြားသောနိုင်ငံများမှ ထွက်ပြေးလွတ်မြောက်လာသော လူများကြောင့် မြင့်တက်လာသော ဖိအားများကို ရှောင်ရှားနိုင်ရန် လာမည့်ဘဏ္ဍာနှစ်အတွင်း ဒုက္ခသည်ဦးရေ ၁၂၅၀၀၀ အထိ နှစ်ဆတိုးမြှင့်လက်ခံမည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ တစ်နှစ်စီတွင် ဒုက္ခသည်ဦးရေ ထောင်ဂဏန်းအထိလျှော့ချထားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်မှ စတင်ခဲ့သော လမ်းကြောင်းကို သမ္မတဂျိုးဘိုင်ဒန်က ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလ ၃၀…