မော်လမြိုင် ၊ ဇူလိုင် (၂)

ပြီးခဲ့တဲ့ ဇွန်လ (၃၀)ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေထဲက  (၂၂၉၆) ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲ့ဒီအထဲမှာ မွန်ပြည်နယ်က မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူ (၂၉) ဦးလည်း ပါဝင်ပါတယ်။

မွန်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသူ (၄၀၀)ကျော် ရှိတဲ့အနက် အာဏာသိမ်းစစ်ကောင်စီက (၂၉)ဦးသာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

“မွန်ပြည်နယ်မှာကလွတ်တဲ့လူဦးရေကရဲကလုပ်တာခင်ဗျ၊ကျွန်တော်တို့ဆီကတော့ရုံးပဲထုတ်ပေးလိုက်တာပေါ့နော်၊ကျွန်တော်တို့ဆီကတော့(၂၅)ဦးပေါ့နော်၊ဖမ်းခံထိတဲ့မြို့နယ်ကတော့ကျွန်တော်မသိဘူး၊ကျိုက်မရောထောင်ကတော့(၆)ယောက်၊သထုံက(၁၉)ယောက်၊ကျွန်တော်တို့ဒီ(၂)ထောင်ပဲပေါ့၊သူတို့တွေကတော့(၅၀၅)နဲ့စွဲခံထားတဲ့သူတွေဖြစ်ပါတယ်”လို့မွန်ပြည်နယ်အကျဉ်ဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးမင်းထွန်းစိုးကပြောပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့သူတွေထဲမှာ CDM ကနေ Non CDM ပြန်လုပ်တဲ့ဝန်ထမ်းတွေသာ ပါဝင်ပြီး သပိတ်စစ်ကြောင်း ခေါင်းဆောင်တွေနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေမှာ ဖမ်းဆီးခံထားရသူတွေ မပါဝင်ဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

“အခုကဒီမှာဆိုရင်မှားယွင်းဖမ်းဆီးခံခဲရတဲ့သူတွေလည်းရှိတာပေါ့၊တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့နောက်ပြီးတော့ဦးဆောင်ဦးရွက်ပြုတဲ့လူမဟုတ်ပဲနဲ့ယောင်ပြီးတော့ပါလာတဲ့သူလည်းရှိရင်ရှိမှာပေါ့လေ၊အဲ့လိုလူမျိုးတွေကြတော့လည်းသူတို့အခုလိုကြာမြင့်စွာချုပ်နှောင်ပြီးတော့အမှုရင်ဆိုင်နေရတဲ့အတွက်နောင်ကြဉ်လောက်ပြီးလို့ထင်တယ်၊အဲ့လိုမျိုးမှားယွင်းဖမ်းဆီးခံရသူတွေဆိုရင်နစ်နာတာပေါ့၊သူတို့တွေဆိုလို့ရှိရင်အမြန်းဆုံးလွတ်ဖို့မျှော်လင့်တာပေါ့”လို့ကူညီဆောင်ရွက်ပေးနေတဲ့ရှေ့နေတစ်ဦးကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံအတွင်းမှာ မတရားဖမ်းဆီးခံထားရသူ ( ၆၀၀၀)ကျော်ရှိပြီး အဲ့ဒီအထဲက လူဦးရေ (၅၀၀၀)ကျော်ကတော့ အခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ပါးစေ ရဲနဲ့စစ်သားတို့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူ (၈၀၀)ကျော် ရှိပြီး အဲ့ဒီထဲမှာ ကလေးငယ်တွေလည်း အမြောက်အများ ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.