မော်လမြိုင် ၊ ဇန်နဝါရီ (၁၁)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ နီးပါးဟာ စမွတ်ဆာခွန် ရှိဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ပထမဆုံး ကိုဗစ်ရောဂါမှ  အစုအဖွဲ့လိုက် အရေအတွက် များများ ပြန်လည်သက်သာလာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စုစုပေါင်းမြန်မာရွေ့ပြောင်းအလုပ်သမား (၂၉၂) ဦး  ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမရှိတော့ဘူးလို့ ကြေငြာခဲ့ပြီးတော့‌ ၎င်း အလုပ်သမားတွေအတွက် အားကစားကွင်းအတွင်း ဆောက်လုပ်ထားတဲ့ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ထို့နောက် အလုပ်သမားများကို သူတို့နေထိုင် လုပ်ကိုင်နေတဲ့ ပုစွန်ဈေးသို့ စစ်ကားတွေနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု စတည်ဖြစ်ပေါ်လာကတည်းက ဈေးရဲ့ ရောင်းဝယ်ဖောက်ကားမှုကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

၎င်းရွှေ့ပြောင်းအလုပ်သမားများသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပေးတဲ့ Covid-free လက်မှတ်စာရွက် နှင့်အတူ နေထိုင်ရာနေရာသို့ သွားကြရမှာဖြစ်ပြီး ထိုစာရွက်စာတမ်းကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်ထံသို့ တင်ပြရမှာ ဖြစ်ပါတယ်။

ဈေးအတွင်း အခြားရွှေ့ပြောင်းလုပ်သားများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ကြိုဆိုခဲ့ကြပြီး အများအားဖြင့်ကတော့ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်မနိုင်တဲ့အခါ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို စိုးရိမ် ကြောက်ရွံ့ခဲ့ကြတာပါ။

ယခင်က ဈေးအတွင်း ကိုဗစ် ၁၉ ဆေးစစ်ချက် Positive ဖြစ်ခဲ့ဖူးသည့် အလုပ်သမားများသည်လည်း ဆေးကုသမှု နှင့် ကျန်းမာရေး စောင့်ရှောက်ခွင့်များ ရရှိခဲ့ရကြောင်း  Samut Sakhon ခရိုင်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး  သီရဖတ် ကပြောကြားခဲ့ပါတယ်။ ထို့အပြင် ယခုလကုန်ပိုင်းမှာ ပုစွန်ဈေးကွက် ပြန်လည်ဖွင့်လှစ်ရန်မျှော်လင့်ကြောင်း သူက ထပ်မံ ပြောကြားခဲ့ပါတယ်။

ကိုဗစ် ၁၉ အစုလိုက် အပြုံလိုက် ကူးစက်မှုများရဲ့ အကြောင်းအရင်းကို တွေ့ရှိပြီးနောက်မှာတော့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဈေးကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ယမန်နေ့ ဆေးစစ်ချက်အရ  အနည်းဆုံး ၃၄၄၁ ဦးရဲ့ ကိုဗစ် ကူးစက်မှုမှာ    Samut Sakhon မှ အစုအဖွဲ့နဲ့ ဆက်နွယ်မှုရှိခဲ့ပြီး ၃၁၀၉ ဦးမှာ ဒေသအတွင်း နေထိုင်သူများဖြစ်ကြောင်း ကိုဗစ် ၁၉ ထိန်းချုပ်ရေးဌာန (CCSA) မှပြောကြားခဲ့သည်။

စာမွတ်ဆာခွန်ခရိုင် ပြည်သူ့ကျန်းမာရေးအရာရှိ နာရတ်ထရစ် ခက်ထာစီမာ က ယခု ပြန်လည်ကောင်းမွန်လာတဲ့ အလုပ်သမားတွေဟာ ကိုဗစ် ၁၉ ရောဂါပိုး ခုခံကာကွယ်နိုင်တဲ့ အခြေအနေရှိနေပြီး တူညီတဲ့မျိုးစိတ်နဲ့ ထပ်မံကူးစက်ခံရနိုင်ယ့် အခွင့်အလမ်းလည်း အလွန်နည်းပါးကြောင်း ပြောကြားခဲ့ပါတယ်။ 

မင်းဟံတလမွန်

REF – The Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.