၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၃)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁)ဦးအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

မော်လမြိုင်မြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၄) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၂)ဦး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၅)အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁) ဦးပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦး၊ လူငယ်အမျိုးသားကိုယ်စားလှယ်လောင်း (၁)ဦးပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂)အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၂)ဦး၊ လူငယ်အမျိုးသားကိုယ်စားလှယ်လောင်း (၁)ဦး တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တိုင်းရင်းသားရေးရာမဲဆန္ဒနယ်မပါ ကိုယ်စားလှယ်လောင်း (၃၁)ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုနှုန်း (၂၀)ရာနှုန်းရှိပြီး လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှုနှုန်း (၁၀)ရာနှုန်းရှိသည်။၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ်အသီးသီး၌ အမျိုးသမီးကိုယ်စားလှယ်လောင်း(၁)ဦးအနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ်အသီးသီး၌ အမျိုးသမီးကိုယ်စားလှယ်လောင်း(၁)ဦး၊ လူငယ်ကိုယ်စားလှယ်လောင်း(၁)ဦးအနိုင်ရရှိခဲ့သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းမည်မျှအနိုင်ရမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာန ရွေးကောက်ပွဲပညာပေးရေးအစီအစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.