August 2020

၂၀၂၀ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အတွင်း ကိုယ်စားလှယ်လောင်း (၃၀၃)ဦး ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၈) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ မွန်ပြည်နယ်မှာ တစ်သီးပုဂ္ဂလအပါအဝင် ပါတီ(၁၃)ခုက ကိုယ်စားလှယ်လောင်း (၃၀၃) ဦး အမည်စာရင်း တင်သွင်းခဲ့တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေအပြင် ပြည်မက ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သတ်မှတ်ကာလဖြစ်တဲ့…

မွန်ပြည်နယ်အတွင်း မဲစာရင်း မှားယွင်းလို့ ပြင်ဆင်ရန် တင်ပြသူ (၁၆၀၀၀) ကျော် ရှိ

မော်လမြိုင် ၊ ဩဂုတ် (၇) ပထမအကြိမ်ကပ်ထားကြေညာတဲ့ မဲစာရင်းမှာ ပုံစံအမျိုးမျိုးနဲ့ မှားယွင်းနေလို့ ပြင်ဆင်ပယ်ဖျက်ပေးဖို့ လျှောက်ထားသူ (၁၆၀၀၀) ကျော် ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ဩဂုတ်လ (၆) ရက်နေ့အထိ မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲစာရင်းလာကြည့်သူ တစ်သိန်းခုနှစ်သောင်းကျော် ရှိပြီး အမည်စာရင်း မပါလို့ ပုံစံ(၃) နဲ့ လျှောက်ထားသူ တစ်သောင်းကျော် ၊…

မွန်ပြည်နယ်အတွင်း NLD နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု မွန်ညီညွတ်ရေးပါတီ သုံးသပ်

မော်လမြိုင် ၊ ဇူလိုင် (၇) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တွေမှာ NLD ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်လိုက်ပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း (၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုယှဉ်ပြိုင်ရာမှာတော့ ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ချောင်းဆုံက…

ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ ဩဂုတ် (၆) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာမဲပေးနိုင်အောင် စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။ ယခင်ရွေးကောက်ပွဲတွေမှာတော့ မဲရုံတွေမှာ မသန်စွမ်းတွေအတွက် လွယ်ကူချောမွေ့စွာ မဲပေးနိုင်အောင် မစီစဉ်ထားတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မသန်စွမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ “ ကိုယ်အင်္ဂါ မသန်စွမ်းဆိုပါတော့ ဝှီးချဲနဲ့သွားရမယ် ။ ဝှီးချဲသွားမယ့်လမ်းတွေကို အဆင်ပြေအောင် မလုပ်ပေးထားဘူး။လှေကားထစ်ကအစ…

PPP ပါတီ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာသာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၆) ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP)အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တစ်ခုတည်းမှာသာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဒုဥက္ကဌ-၄ ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အတွင်းက ပြည်နယ်တော်လွှတ်တော် (၁) (၂)အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ယှဉ်ပြိုင်သွားမယ်လို့…

ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ကော့သောင်း မြို့မှာပါ မွန်ညီညွတ်ရေး ပါတီ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း…

အခေါက်ရွှေစျေး စံချိန်တင် မြင့်တက်

မော်လမြိုင် ၊ ဩဂုတ် (၅) ဩဂုတ်လ (၅)ရက်နေ့အထိ မွန်ပြည်နယ် ရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၁၃) သိန်းကျော်အထိ စံချိန်တင် စျေးနှုန်းမြင့်တက်နေတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၂) သိန်းဝန်းကျင် ရှိရာကနေ အခု ကျပ်(၁၃)သိန်း တစ်သောင်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့တယ်လို့ မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ…

မဲပေးပိုင်ခွင့်ရှိသူ၏ (၅၀) ရာခိုင်နှုန်း ကျော် မဲစာရင်းလာကြည့်

မော်လမြိုင် ၊ ဩဂုတ် (၅) မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ (၅၀) ရာခိုင်နှုန်းကျော် မဲစာရင်း လာရောက်ကြည့်ရှုခဲ့ပြီး ဖြစ်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းတွေကိုတော့ ဇူလိုင်လ (၂၅) ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့အထိ ကြေညာသွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ အိမ်ထောင်စုအလိုက် မဲစာရင်းကို ကပ်ထားကြေညာတဲ့အတွက် မိသားစု…

မွန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိ

မော်လမြိုင် ၊ ဩဂုတ် (၄) ​ဩဂုတ်လ (၄) ရက်နေ့အထိ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိပြီးဖြစ်တယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ကိုယ်စားလှယ်လောင်းအမည်စာရင်းလျှောက်လွှာကို ဇူလိုင်လ (၂၀) ရက်နေ့တည်းက စတင်လက်ခံနေတာဖြစ်ပြီး ဩဂုတ်လ (၇) ရက် နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းရာမှာတော့…

ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ကမ်းစပ်အနီး နေသူများအား ပြောင်းရွှေ့နေရာချထား

ရေး ၊ ဇူလိုင် ၄ ပင်လယ်ရေလှိုင်းဒဏ် စိုးရိမ်ရတဲ့အတွက် ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာက ကမ်းစပ်အနီးနေထိုင်ကြသူတွေကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းကစပြီး ပြောင်းရွှေ့နေရာ ချထားပေးနေရပါတယ်။ လတ်လလောမှာတော့ ရေလှိုင်းကြီးပြီး ဒီရေတွေတက်လာတာကြောင့် ပင်လယ်ဒီရေ အမြင့်ဆုံးအချိန်မှာ လေပြင်းတိုက်ခတ်ရင် ကျေးရွာကမ်းနဖူးပိုင်းမှာရှိတဲ့ အိမ်တွေ ပြိုကျမှာကို စိုးရိမ်နေရတာပါ။ ဒါကြောင့် အန္တရာယ်မရှိစေဖို့ အိမ်ခြေ ၂၅ အိမ်၊…