အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်
မော်လမြိုင် ဇန်နဝါရီ ၁၉
ကျိုက်မရောမြို့နယ်ရှိ အတ္တရံမြစ်ကိုဖြတ်၍ အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းကိုဆက်ပေးမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကို ပြည်နယ်ဘတ်ဂျက်နှင့် ပြည်ထောင်စုဘတ်ဂျက်တို့ ပူးပေါင်း၍ (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အဆိုပါတံတားကို ပြည်ထောင်စုမှဆောက်လုပ်ပေးရမှာဖြစ်ပြီး ပြည်ထောင်စု အနေနဲ့ တံတားကိုဆောက်လုပ်ပေးမည်ဆိုပါက ယခုရရှိမယ့်ဘတ်ဂျက်အနေနဲ့ မဖြစ်နိုင်သေးတာကြောင့် ပြည်နယ်ဘတ်ဂျက်နဲ့ပူးပေါင်းဆောက်လုပ်ရကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံကဆိုသည်။
ဆောက်လုပ်မည့်တံတားအမျိုးအစားမှာ သံမဏိသံပေါင်တံတားဖြစ်ပြီး အရှည် (၂၁၁၃) ပေရှိမှာဖြစ်သည်။
တံတားဆောက်လုပ်မယ့်နေရာမှာ ကျိုက်မရောမြို့၏ အရှေ့ဘက် ၂မိုင်၄ဖာလုံခန့်အကွာ စံပယ်ကူးတို့ဆိပ်အနီးမှာဖြစ်သည်။
ကျိုက်မရောအရှေ့ဘက်ကမ်းတွင် ကျေးရွာပေါင်း (၉၇) ရွာနှင့် အနောက်ဘက်ကမ်းတွင် ကျေးရွာပေါင်း (၆၁) ရွာရှိပြီး လူဦးရေစုစုပေါင်း (၂၂၄၆၅၅ ) ဦးရှိကြောင်း သိရသည်။
ရိုုက်ကူး -နောင်ခန့်