မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်ကျင်းပခဲ့သော နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် သတင်းရယူခွင့် ခွဲခြားခံရမှုများရှိသည်ဟု ဒေသတွင်းသတင်ထောက်များက ပြောသည်။

အဆိုပါအခမ်းအနားသို့ သတင်းရယူခွင့်ရှိရန်အတွက် လုံခြုံရေးကတ်ပြားများထုတ်ယူရာတွင်လည်း မှတ်ပုံတင်ကတ်ပြား၊ဆိုင်ကယ်လိုင်စင်ကတ်ပြားများ ထားရှိခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

သတင်းရယူခွင့်ကန့်သတ်သည့်နေရာတွင် ပုဂ္ဂလိကသတင်းဌာနများကိုဝင်ရောက်ခွင့်မပြုပဲ MRTV နှင့် Skynet သတင်းဌာနတို့သာဝင်ရောက်ခွင့်ရသည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.