မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မွန်ပြည်နယ်ခရီးစဉ်အတွင်း
တိုင်ကြားစာများ တိုက်ရိုက်ပေးအပ်ရန်စောင့်ဆိုင်းနေသူများ အများအပြားရှိခဲ့ပြီး လက်ခံသူမရှိသဖြင့် အနည်းငယ်ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုင်ကြားစာများကို လက်ခံခဲ့သည်။

နိုင်ငံတော်သမ္မတထံတိုင်ကြားစာပေးပို့လိုသည့် ပြည်သူများက သမ္မတနှင့် ဌာနဆိုင်ရာများဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ခန်းမရှေ့တွင် စောင့်ဆိုင်းနေပြီး တိုင်စာပေးပို့ရန် ကြိုးစားခဲ့ကြခြင်းလည်းဖြစ်သည်။

တိုင်ကြားစာအများစုမှာ မြေယာပြသနာများဖြစ်ကြပြီး တိုင်စာ (၇၇)စောင်ကို လက်ခံရရှိခဲ့သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တိုင်ကြားစာပေးသူများနည်းတူ ဒေသတွင်းကရင်တိုင်းရင်းသားများ၏ မြေယာပြဿနာများဖြေရှင်းနိုင်ရန်အတွက် သမ္မတကြီးနှင့် တွေ့ဆုံပေးပါစာသားပါသည့် ဆိုင်းဘုတ်များလည်း ကိုင်ဆောင်ကာ သဘောထားပြခဲ့ကြသည်။

ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.