ကျိုက်ထီးရိုးစေတီတော်ကိုလာရောက်ဖူးမြော်ကြသည့် သက်ကြီးရွယ်အိုတွေ အားထားရတာကတော့ အထမ်းသမားများကိုပဲဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမား အမျိုးသား ၇၁၈ ဦး ၊ အမျိုးသမီး ၂၅၈ ဦး လုပ်ကိုင်နေကြတာပါ။
ကျိုက်ထီးရီုးစေတီမုဒ်ဝကားဂိတ်ကနေ ရင်ပြင်တော်ဆီကို လူတစ်ဦးကို အခကြေးငွေ (၂၀၀၀၀) ကျပ် ၊ အထုပ်အပိုးတွေဆိုရင် အခကြေးငွေ (၅၀၀၀) ကျပ်ဖြင့် သယ်ဆောင်ပေးကြတာပါ။
“သုံးရက်မှတစ်ခေါက်ထမ်းရတာ တစ်ခါထမ်းပြီးနှစ်ရက်နားပေါ့ နားတဲ့ရက်ဆို တောတက်ထင်းခွေလုပ်ရတာပေါ့ ” ဟု အထမ်းသမား ကိုစန်းနိုင်ဦးက ပြောသည်။
ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.