အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်ထောင်စုအစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် လုပ်ငန်းစဉ်များ၊ နည်းဗျူဟာများချမှတ်ကြေငြာနေခဲ့သော်လည်း မွန်ပြည်နယ်အစိုးရ၏ မွန်ပြည်နယ်ဖွံ့ဖြိုးရေး <!--more-->

လုပ်ငန်းစဉ်များကား ဘယ်ဆီဘယ်ဝယ်မှန်းမသိရသေးပေ။

တစ်ပြိုင်နက်ထဲတွင် မွန်ပြည်နယ်သို့ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန် ကုမ္ပဏီကြီးငယ်တို့ အစိုးရအဖွဲ့ရုံးတွင် ခြေခြင်းလိမ်ဝင်ထွက်နေကြသည်။

ကောင်းမွန်သန့်ရှင်းသောရေ၊ လုံလောက်သောလျှပ်စစ်၊ အပန်းဖြေအနားယူစရာ၊ စက်ရုံကြီးအထွေထွေ တို့ဖြင့် အပြိုင်းအရိုင်းလာရောက်ချဉ်းကပ်လျက်ရှိသည်။

ယင်းကဲ့သို့ အထွေထွေဝင်ရောက်နေသော ဖွံ့ဖြိုးရေး၊ စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် မွန် ပြည်နယ်အစိုးရတွင် ပြည်နယ်နှင့် ကိုက်ညီသော ဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်တိတိကျကျမရှိလျှင် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို တပြေးညီထဲ ဆောင်ရွက်နိုင်မည့်အခြေအနေမှာ အဝေးမှာသာလျှင် ရှိနေပေလိ့မ် မည်။

တစ်ဖက်တွင်လည်း ဒေသတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးအစီအမံ များ၏ အခန်းကဏ္ဍကိုလည်း မည်ကဲ့သို့ ထည့်သွင်းစဉ်းစားမည်ဆိုသလဲမှာလည်း အတော်အရေးပါသည့် အခြေအနေတွင် ရှိနေသည်။

ပြောင်းလဲလာသည့် ကမ္ဘာ့ဖွံ့ဖြိုးရေး ရေစီးကြောင်း၊ အာဆီယံအသိုက်အဝန်းနှင့် မြန်မာ့စီးပွားရေး အနာဂတ်အလားအလာကား မည်သို့မည်ပုံရောက်နေစေကာမှာ ရေလိုက်ငါးလိုက်နေရုံမျှဖြင့် မလုံလောက်ပါ။

အရှိန်အဟုန်ဖြင့် ဝင်ရောက်လာမည့် ကုန်စည်စီးဆင်းမှု၊ ငွေကြေးအရင်းအနှီးကြီးကြီးဖြင့် ရင်းနှီးမြုပ်နှံ မည့် အာဆီယံအဆင့်အတန်းဝင် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ခုခံစရာ တစ်စုံတစ်ရာမရှိပါက နိုင်ငံခြားသားများခြေခြင်းထပ်ရုံမှ လွဲပြီး မည်သည့်အရာမှ ရရှိခံစားနိုင်မည်မဟုတ်ပါ။

တစ်ဖက်တွင်လည်း ပြည်နယ်တွင်း ပြည်နယ်သူ/သားတို့၏ ကြွယ်ဝဖွံ့ဖြိုးမှု၊ ဥပဒေအရ ကူညီပေးထား သည့် အချိုးကျ အခြေအနေနှင့် ဖွံ့ဖြိုးရေးမဟာဗျူဟာမြောက် စီမံချက်တို့အား ပြည်နယ်အစိုးရမှ တက်ကြွစွာ ဆောင်ရွက်ပေးမှုမျိုး မြင်လိုလှပြီ။

အစိုးရအသစ်တက်လာသည့်အချိန်မှစပြီး ယနေ့အထိ ပြည်နယ်အစိုးရထံသို့ တရားဝင်တိုက်ရိုက်ဝင် ရောက်တွေ့ဆုံပြီး လုပ်ငန်းစီမံချက်တင်ပြပြောဆိုသည့် ပြည်နယ်တွင်း သာမန်စီးပွားရေးလုပ်ကိုင်သူများ မည်မျှ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ခြင်း၊ မစိုက်ခြင်းကို မြင်တွေ့ရပေမည်။

မည်သို့ပင်ဆိုစေကာမူ မရေရာသည့် ဖွံ့ဖြိုးရေးစီမံချက်မှသည် ရေရာတိကျသည့် ဖွံ့ဖြိုးရေးစီမံချက်ဆီ သို့တက်လှမ်းပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.