မြန်မာဖောင့်နဲ့ အင်္ဂလိပ်ဖောင့်လှလှလေးတွေ သုံးချင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေစေ မယ့် Zawgyi One Flip Flop ဆော့ဝဲလေးပါ။ ဖောင့်အမျိုးအစား (၃၀) အထိ ပါဝင်ပြီး မိုဘိုင်းဖုန်း ဗားရှင်း 2.3.6 ရှိတဲ့ ဖုန်းတွေတောင် အသုံးပြုလို့ရပါတယ်။ အရင်က Samsung ဖုန်းတွေအတွက်သာ သီးသန့်ထုတ်ထားတာဖြစ်ပြီး အခုနောက်ပိုင်း Oppo ဖုန်းတွေနဲ့ စမတ်ဖုန်းတော်တော်များများမှာ အသုံးဝင်လာတာတွေ့ရပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း လက်မလွှတ်သင့်တဲ့ ဆော့ဝဲ တစ်ခုဖြစ်ပြီး Developer မျိုးမင်းလတ်ရဲ့ နာမည်ကြီးဆော့ဖ်ဝဲကောင်းတစ်ခုဖြစ်ပြီး ဆော့ဖ်ဝဲကို Play Store မှာ Zawgyi One Flip Flop ဆိုပြီး ရိုက်ထည့်ကာ ဒေါင်းယူနိုင်ပါတယ်။ 3.7 MB သာရှိတဲ့အတွက် အလွယ်တကူဒေါင်းယူပြီးပါက မိုဘိုင်းဖုန်းထဲက Display ရှိ Font ကိုသွားပြီး စတိုင်လ်အမျိုးမျိုး ရယူ နိုင်ပါတယ်။ သုံးစွဲသူအရေအတွက် များပြားပြီး သံလွင်တိုင်းမ်ရဲ့ စာဖတ် ပရိတ်သတ်များ အကြိုက် တွေ့စေမယ့် ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။

zaTU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.