2016

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကွမ်တာကျေးရွာကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုပွဲပြုလုပ်

မုဒုံ ဇွန် ၂၆ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုရှိ ကွမ်တာရွာဟောင်းနှင့် ကွမ်တာရွာအတွင်းနေထိုင်ကြသည့် ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး၊ ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဇွန်လ၂၆ရက်၊ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် ယင်းကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

ရေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စုပေါင်းလမ်းလျှောက်ချီတက်ပွဲပြုလုပ်

ရေး ၊ ဇွန် ၂၆ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်းချီတက်လမ်း လျှောက်ပွဲကို ရေးမြို့တွင် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

လမိုင်းမြို့၊ မော့ကနင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇွန် ၂၆ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၆ ရက်နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အလင်းဝင်လက်နက်အပ်

ရေး၊ ဇွန် ၂၅ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အလင်းဝင်လက်နက်အပ်ခဲ့ကြောင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

တစ်ဦးခြင်းစီ၏ စွမ်းဆောင်ရည်အပေါ် မူတည်သည်

အစိုးရသက်တမ်း သုံးလကာလအတွင်း မွန်ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုရေချိန်မှာ အနှုတ်ပြခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။ အရာရာအဆင်ခင်းကျင်းလာခဲ့ခြင်းမဟုတ်သည်က အခရာကျသည်ဟု ယေဘူယျယူဆ နိုင်ပြီး အဆင်ပြေသလို မီးစင်ကြည့်ကသည့် မဟာဗျူဟာက ကနဦးကာလမှာပင် အလုပ်မဖြစ်ခဲ့ခေ။

ပထမတန်း (Grade 1) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

#Denverschool ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ပြည်ထောင်စု Denver Public Schools (ဒင်းဗားအစိုးရကျောင်း များ) က ကိစ္စတော်တော် များများကို ကျနော် ဘာသာပြန်ခဲ့ရပါတယ်။ အကြောင်းကတော့ မြန်မာနယ်စပ်က ဒုက္ခသည်ကလေး အတော်များများ သူတို့ဆီရောက်သွားတော့ ဒီကလေးတွေအရေး ကျောင်းသား-မိဘနဲ့ ကျောင်းဆက်ဆံရေးကိစ္စတွေ လိုအပ်လာပါတယ်။ ဒါနဲ့ သူတို့က ကိစ္စအတော်များများကို ဘာသာပြန်ပစ်ပါ တယ်။ အဲသည်တော့ ကျနော်လည်း ဝင်ငွေ…

အယ်ဒီတာ့အာဘော်

လူထုအသံကို နားထောင်ပါ ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တက်လာသော အစိုးရဖြစ်သော်လည်း ပြည်သူများတိုက် ရိုက်ရွေးချယ်ခွင့်မရသည့် အစိုးရအနေဖြင့် ဒီမိုကရေစီပြည်သူ့အစိုးရအမည်ခံယူထားသည့်အတွက် လူထုအသံ ကို နားထောင်ဖို့လိုသည်။

ရေးမြို့တွင် ၂ လသားအရွယ်ခန့်ရှိယောကျ်ားလေးတစ်ဦး စွန့်ပစ်ခံရသော်လည်း မွေးစားမည့်သူ ချက်ခြင်းပေါ်ပေါက်

ရေး ၊ မေ ၃၀ သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး (စွန့်ပစ်ခံရသော ကလေးငယ်) ရေးမြို့၊ သီရိခေမာရပ်ကွက်၊ သိမ်ကျောင်းအနီး လမ်းဘေးတစ်နေရာတွင် ၂ လသားခန့်အရွယ် ယောကျ်ားလေး တစ်ဦးစွန့်ပစ်ခံခဲ့ရသော်လည်း နာရီပိုင်းအတွင်းမွေးစားမည့်သူချက်ခြင်းပေါ်ပေါက်ခဲ့သည်ဟု သိရသည်။