တင်ဆက်သူ-TU Arkar Min

မေး-မခိုင်ရဲ့ အခုလက်ရှိအနုပညာလှုပ်ရှားမှုလေးပြောပြပေးပါဦး။
ဖြေ-မခိုင်ဗွီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒါရိုက်တာက ဂျိုးပါ။ သရုပ်ဆောင်တွေကတော့ ကောင်းခန့်ရယ်၊ ထူးခြားရယ်၊ ရွှေသမီးရယ်၊ အစ်မရယ်ပေါ့။

မေး-တစ်လောက The Queen Music Orchestra Concert မှာ ဖျော်ဖြေပုံလေးတွေဆန်းပါတယ်။ ဘယ်လို ချိတ်ဆက်မိခဲ့တာလဲ။
ဖြေ-ကိုသီဟတို့က ဦးဆောင်လုပ်ပေးကြတာပါ။ သူတို့အစီစဉ်ပါ။ ကိုသီဟတို့ဆိုတာ မခိုင်သူငယ်ချင်းတွေပါ။ သူတို့တိုင်ပင်ပြီး မခိုင်ကိုလာပြောတယ်။ မချစ်ငယ်(မေခလာ)၊ ချမ်းချမ်း၊ ဖြူဖြူတို့နဲ့ တွဲဖက်သီဆိုရမယ်ဆိုပြီး တော့ ပြောတယ်။ အဲ့ဒါနဲ့ လက်ခံဖြစ်သွားတာပါ။

မေး-မခိုင်က အခုအဆိုဘက်ကို ပြန်ပြီးလှုပ်ရှားနေပြီဆိုတော့ နယ်ရှိုးပွဲတွေရော ဖျော်ဖြေဖို့အစီစဉ်ရှိလား။
ဖြေ-လောလောဆယ်တော့ အစီစဉ်မရှိသေးပါဘူး။ အကြောင်းတိုက်ဆိုင်မယ်ဆိုရင်တော့ မွန်ပြည်နယ်ဘက်ကို လာဖို့ရှိပါတယ်။ မွန်ပြည်နယ်ကပရိတ်သတ်တွေနဲ့ အကြောင်းတိုက်ဆိုင်လာခဲ့ရင် ဆုံချင်ပါတယ်။

မေး-မခိုင်အနေနဲ့ ရုပ်ရှင်ကားကြီးတွေရော ဆက်လက်ရိုက်ကူးသွားဖို့ရှိလား။
ဖြေ-ရုပ်ရှင်ကတော့ မခိုင်က အခု ဗွီဒီယိုကားတွေနဲ့ ဖျော်ဖြေပွဲတွေလုပ်နေတဲ့အတွက် လောလောဆယ် မရိုက်ဖြစ်သေးဘူး။ The Queen Music ပွဲမတိုင်ခင်ကတောင် မခိုင်ဖျားနေတာ။ တုတ်ကွေးဖြစ်လို့ ကွေးနေရတယ်။ ဒါပေမယ့် ပွဲကရှိတော့ ပရိတ်သတ်တွေအတွက် မခိုင်ကြိုးစားပြီးဖျော်ဖြေခဲ့တယ်။ ဒီဖျော်ဖြေပွဲ က ထူးလည်းထူးခြားမှုတွေရှိတယ်။ ဖျော်ဖြေရတာလည်း အားရခဲ့ပါတယ်။
%e1%80%91%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%a1%e1%80%ad%e1%80%b2%e1%82%8f%e1%81%b5%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%9c%e1%80%b9
မေး-မခိုင်ကိုအားပေးနေတဲ့ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေးလည်းပါးပေးပါဦး။
ဖြေ-မခိုင်ကို အခုချိန်ထိ အားပေးနေကြတဲ့ မွန်ပြည်နယ်က ပရိတ်သတ်တွေရော မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေရော အားလုံးကို ကျေးဇူးတင်နေပါတယ်။ မခိုင်ကြိုးစားသမျှကို အားပေးနေကြလို့လည်း ဝမ်းသာရပါတယ်။ ပရိတ်သတ်တွေအားလုံးကိုလည်း ချစ်ပါတယ်လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။မခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့ကြားက ကြိုးစားပြီး အားယူကာ ပရိတ်သတ်တွေအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ လက်ရှိလည်း ဗွီဒီယိုကားတွေ ဆက်လက်ရိုက်ကူးနေတဲ့ သူမဟာ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုတွေရရှိနေတာက တက်သစ်စလူငယ် အနုပညာရှင်တွေအတွက်လေးစားစရာပါပဲ။ စာဖတ်ပရိတ်သတ်များလည်း ဒီလောက်နဲ့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်မှာလည်း ဘယ်လိုအနုပညာရှင်တွေရဲ့ ရင်ဖွင့်သံတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.