ဂီတာကို အလွယ်ကူဆုံးနှင့် အမြန်ဆုံးစနစ်တကျ တီးကြည့်ရအောင်၊ တူရိယာ တစ်ခုကို စနစ်တကျ လေ့လာတော့မယ်ဆိုရင် ဂီတ အခြေခံ တည်ဆောက်ပုံ မပါပဲ မည်သည့်နည်းနှင့် မျှ စနစ်ကျ မည်မဟုတ်ပေ

RHYTHM (ရစ်သမ်) ဂစ်တာတီးနည်း

သင်ခန်းစာ (၁)

ပုံစံ (၁) တွင် ဂစ်တာမှာ ကြိုး ၆ ချောင်းရှိပါတယ်။

အပေါ်ဆုံးကြိုးက အလုံးကြီးပြီး နံပါတ် ၆ ကြိုး ဖြစ်သည်။

အောက်ဆုံးကြိုးက သေးပြီး နံပါတ် ၁ ကြိုးပါ။

အကန့်လေးတွေ ပိုင်းခြားထားလို့ ၁။ ပထမကွက်

            ၂။ ဒုတိယကွက်

            ၃။ တတိယကွက်     ဆိုပြီး သိရမယ်။

ဘယ်ဖက်လက်ရဲ့ နံပါတ်တွေကို ကြည့်ပါ။

ဂစ်တာကို စတင်လေ့ကျင့်ရအောင်

ဂစ်တာကို ညာဖက်ပေါင်ပေါ်တွင် တင်ပြီး ဂစ်တာလက်တံကို ပုံစံ(၃) အနေအထား လိုနေပါ ဂစ်တာစတီးတဲ့သူဟာ ဘက်ဖက်လက်ထိပ်တွေ အသားပျော့နေသေးလို့ အသားမာရန်နှင့် CHORD(ကောဒ့်) ကိုင်တွယ်မှု တတ်မြောက်ရန် တစ်ပြိုင်နက် လေ့ကျင့်ခန်းကို စရအောင်

ပုံစံ(၄)တွင် ပြထားသည့်အတိုင်း ၂ ကြိုး ပထမအကွက်တွင် လက်ညှိုးနှင့်ဖိ ၊ ၄ကြိုး ဒုတိယအကွက်တွင် လက်ခလယ်နှင့်ဖိ၊ ၅ကြိုးကို တတိယကွက်တွင် လက်သူကြွယ်နှင့် ဖိ ထားပါ။ ကိုင်တွယ်ပုံကို ပုံစံ (၅) တွင် ကြည့်ပါ။

အဲဒီပုံစံကတော့ CCHORD လို့မှတ်ရပါမယ်။
mawlamyine-music-50-years
လေ့ကျင့်မှုစနစ် = ဖိထားသော လက် ၃ ချောင်းကို တစ်ပြိုင်နက် ဖြည်းဖြည်းခြင်း အနည်းငယ်ကြွပါ၊ ပြီးရင် ပြန်ဖိပါ။ ၎င်းကို ၁၅မိနစ် ခန့် အရင်လေ့ကျင့်ပါ။ လွှတ်လိုက်၊ ဖိလိုက် ပြုလုပ်သည့် အခါတွင် လက်၃ချောင်းသည် တစ်ပြိုင်တည်း၊ တစ်ညီထဲ ဖြစ်ရန် လေ့ကျင့်ပါ။ စတင်လေ့ကျင့်သည့်ရက်မှ ၅ ရက်အတွင်း လက်ထိပ်များ နာကျင်ပါမယ်။ ဇွဲနှင့် လေ့ကျင့်ပါက အချိန်တိုအတွင်း ဂစ်တာတီးတတ်လာမှာပါ။

ဂီတမှူးဘဏ်စိုး(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.