ပွင့်ဆန်း

နိုင်ငံတော်မှ နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ဒေသအလိုက် မိမိတို့ဒေသအ တွက် လမ်း၊တံတား၊ ကျောင်းနှင့် ဆေးရုံစသည့် ဖွံဖြိုးမှုများဆောင်ရွက်ပြိးစီးသည့်အခါ အဆိုပါ ဖွံ့ဖြိုးမှုအ ဆောက်အဦးများမှာ ပြည်သူ့ဘဏ္ဍာငွေဖြင့် နိုင်ငံတော်မှ

စီမံခန့်ခွဲပေးခြင်းဖြစ်သည့်အတွက် ပြည်သူများအ နေဖြင့် မိမိတို့အဆောက်အဦးများ အဖြစ်သိရှိကာ ရေရှည်တည်တန့်နိုင်ရန် ဝိုင်းဝန်းစောင့်ရှောက် ကြဖို့ လို ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးညွှန်ကြားရေးဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်း ဟန်စိုး ကပြည်သူများအားပြောကြားလိုက်သည်။

“ အခုဆောက်နေကြတဲ့ ဆောက်လုပ်ရေးလမ်း၊ ဆောက်လုပ်ရေးတံတား ဆိုပြီး ပြောကြတာရှိပါတယ်၊အမှန် ကတော့ ဒါတွေက ပြည်သူတွေပိုင်တဲ့ပြည်သူ့လမ်းဖြစ်ပါတယ်၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ နိုင်ှုံတော်အစိုးရကနေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်စည်းဖို့အတွက် ကျွန်တော်တို့ ဝန်ထမ်းတွေကို ခန့်အပ်ပြီးတော့ ကျွန်တော် တို့တတ်တဲ့ပညာလေးနဲ့ တည်ဆောက်ဖ ို့ခန့် အပ်ထားတာဖြစ်ပါတယ်၊ အမှန်က ပြည်သူတွေက လုပ်ငန်းရှင် ပါ၊ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ အလုပ်သမားပေါ့၊ ဒါကိုတင်ပြရတဲ့အကြောင်းရင်းကတော့ လက်ရှိတည် ဆောက်ပြီးစီးထားတဲ့ လမ်း တံတားတွေကို ရေရှည်တည်တန့် ခိုင်မြဲဖို့အတွက် ကျွန်တော်တို့ဝန်ထမ်းတွေရော ပြည်သူတွေကပါ ဝိုင်းဝန်းထန်းသိမ်းပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါ” ဟု ဦးသောင်းဟန်စိုးကပြောသည်။
img_20161025_093006
၂၀၁၆၊ အောက်တိုဘာ (၁၁) နေ့တွင် မွန်ပြည်နယ်သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကြားရှိ အနန်းပင် ပေ(၅၀၀)တံတားဖွင့်ပွဲအခန်းအနား၌ ၎င်းကပြောကြေားလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်မှ စီမံခန့်ခွဲပေးသည့် ဖွံ့ဖြိုးရေးအဆောက်အဦးများမှာ ပြည်ထောင်စုဘတ်ဂျက်ငွေလုံးဖြင့်တန်ဖိုး ကြိးအဆောက်အဦးများလိုအပ်ချက်အရ ချထားပေးပြီး တည်ဆောက်သည့်အခါ  ရေရှည်တည်တန့်ခိုင်မြဲနိုင်ရန် လိုအပ်ပြီ မတော်တဆပျက်စီးသွားမည်ဆိုပါက အလားတူ ရံပုံငွေပြန်လည်ရရှိရန်ခဲယင်းယုံသာမက အခြားဖွံ့ ဖြိုးရေးစိမံကိန်းများကိုပါ အဟန့်အတားဖြစ်စေသည့်အတွက် မိမိဒေသတွင်ရရှိအပြီး အဆောက်အဦးများကို  သက်ဆိုင်ရာ ဒေသခံမျာနည်းတူပြည်အားလုံး ဝိုင်းဝန်းစောင့်ရှောက်ကြရန်လိုအပ်ကြောင်း ကရင်ပြည်နယ်အစိုး ရအဖွဲ့၊ ဝန်ကြီးချုပ်ကလည်း၎င်း၏အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသွားခဲ့သည်။

နိုင်ငံတော်မှချထားပေးသည့် ဘတ်ဂျက်ငွေဖြင့် ကရင်ပြည်နယ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းမျာဆောင်ရွက် လျက်ရှိရာ ကရင်ပြည်နယ် လမ်းတံတားအဖွဲ့အနေဖြင့်တာဝန်ယူဆောင်ရွက်ဆဲဖြစ်သည့် လမ်းမိုင်ပေါင်း (၁၂၇၀) အနက် လက်ရှိ (၆၂၃)မိုင် ကတ္တရာလမ်းချောခင်းနိုင်ခဲ့ပြီး လက်ရှိဘတ်ဂျက်အရ (၃၇)မိုင်ဆက်လက် ကတ္တရာလမ်သစ် ဆောက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းရေးတည် ငြိမ် လာသည်နှင့်အမျှ ဖွံ့ဖြိုးရေးလုပပ်ငန်းများအားအဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြည်သူများအားအ သိပေးပြောကြားသွားကြောင်းသိရသည်။ ။

ပွင့်ဆန်း(ကရင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.