ကျိုက်ထို၊ စက်တင်ဘာ ၂၁

စစ်တောင်းစက္ကူစက်မှ စက်မှုကုန်ကြမ်းစိုက်ကွက်များကို စွန့်လွှတ်ခဲ့ပြီးနောက် နေစရာ နေရာမရှိသူများ အားအိမ်ကွက်ချပေးခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ကျေးရွာအုပ်စု ဝါးဒက်ကွင်းရွာမှ ကိုမောင်ရွှေနှင့် ကိုစိုးနိုင် တို့ကို စက်တင်ဘာ(၂၁)ရက်နေ့ တွင် ကျိုက်ထို

မြို့နယ်တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့သည်ပြီး ယင်းအပေါ်မကျေနပ်သဖြင့် အမှုအားလိုက်ပါကူညီသူ ကိုမျိုးအောင်မှ တစ်ကိုယ်တောင်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“တရားဥပဒေစိုးမိုးရေးပိုင်းမှာ တန်းတူညီမျှမှုမရှိတဲ့အတွက် ကျိုက်ထိုမြို့နယ် တရားသူကြီးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှုးကိုမကျေနပ်လို့ဆန္ဒထုတ်ဖော်သွားမှာပါ”ဟု သထုံမြို့(၄)တိုင်ကျေးရွာနေ ပြည်ထောင်စုတိုင်းရင်း သား လယ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုမျိုးအောင်က ပြောသည်။

ရဲဒုတပ်ကြပ် စိုးရာဇာကို ဒဏ်ရာရအောင်ပြုလုပ်သည့်အမှုအား တရားလို ဒုရဲအုပ်အေးလွင်မှ တိုင်ကြား ထားခြင်းကို သိမ်ဇရပ်ရဲစခန်းမှပုဒ်မ ၃၃၃/၂၉၄အရလည်းကောင်း၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုး အောင်မှ တရားလိုပြုလုပ်တိုင်တန်းချက်အား သိမ်ဇရပ် ရဲစခန်းက ပုဒ်မ(၁၈၈)အရလည်းကောင်း၊ ပုဒ်မ ၅၀၅ (ခ)အရလည်းကောင်း၊ တိုင်တန်းစွဲဆိုထားပြီးကျိုက်ထိုမြို့နယ်တရားရုံး ကပုဒ်မများအသီးသီးအတွက် စုစုပေါင်း ပြစ်ဒဏ်များအဖြစ် ကိုစိုးနိုင်ကို ထောင်ဒဏ်တစ်နှစ်(၆)လ၊ ကိုမောင်ရွှေကို တစ်နှစ်(၇)လ ကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။
wae-dhak
ကိုမောင်ရွှေနှင့်ကိုစိုးနိုင်တို့အားထောင်ဒဏ်များချမှတ်ခြင်းအပေါ် ဥပဒေတန်းတူအခွင့်အရေးမရ ကြောင်း၊ ကိုမျိုးအောင်မှ ကျေနပ်မှုမရှိသဖြင့် ခရိုင်ရုံးစိုက်ရာ သထုံမြို့သို့ လာရောက်ဆန္ဒထုတ်ဖော်ရန် စီစဉ် ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ၂၉ရက်နေ့တွင် ဆန္ဒဖော်ထုတ်နိုင်ရန် လျှောက်လွှတင်မည်ဟု ကိုမျိုးအောင်က သံလွင်တိုင်းမ်သို့ပြောသည်။

သတင်း – ဝရဇိန်(ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.