မုဒုံ၊ စက်တင်ဘာ ၂၁

မုဒုံမြို့တွင် ကောက်ရိတ်သမားလိုအပ်ချက်များခြင်းကြောင့် ကြိုတင်ငွေပေးကာ လုပ်သားရရှိရေး ကြိုးစားနေရကြောင်း လယ်ရှင်များထံမှ သိရသည်။

“လယ်သမားဆိုပြီး အထင်မကြီးနဲ့ လယ်လုပ်ရတာလည်းစပါးစိုက်ချိန်နှင့်စပါးရိတ်သိမ်းချိန်၊ ဒီနှစ်ချိန်မှာစိတ်ဒုက္ခအဖြစ်ဆုံးပဲ။ စိုက်ပျိုးချိန်မှာလည်းကောက်စိုက်သမားရှာရခက်သလို ရိတ်သိမ်းချိန်ရောက်ပြန်တော့ လည်း အလုပ်သမားရှာရတဲ့ပြသာနာကလည်းဒုက္ခမသေးလှဘူး”ဟုကွမ်တာကျေးရွာမှလယ်ရှင်တစ်ဦးဖြစ်သူ အဘမြိုင်က သံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံမြို့နယ်အတွင်းရှိ လယ်ရှင်အများစုတွင် ရှေးယခင်ကလိုမိသားစုများ လယ်လုပ်ငန်းခွင်တွင်းဝင်ရောက်လုပ်ကိုင်ခြင်းများမရှိသလောက်နည်းပါးနေပြီး ထိုင်း၊ မလေးရှား၊ စကာၤပူစသော နိုင်ငံများသို့ တရားဝင်နည်းလမ်းဖြစ်ရော၊ အောက်လမ်းခေါ်တရားမဝင်နည်းလမ်းသွားဖြင့်စီးပွားရှာသွားရောက်နေခြင်းများကြောင့် နှစ်စဉ်လယ်ယာလုပ်ငန်း၌လုပ်သားရှားပါးခြင်းပြသာနာများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းလည်းသိရှိရသည်။

“ရှိတဲ့သားသမီးတွေကလည်းလယ်အလုပ်ကိုစိတ်မဝင်စားကြဘူး၊ယိုဒယားမှာစီးပွားရှာချင်ကြတယ်။ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းမှ လယ်အလုပ်လာရောက်လုပ်ကိုင်သူ(သို့မဟုတ်)ပြည်တွင်းရွေ့ပြောင်းလုပ်သား တွေကိုပဲ ဌားပြီးလုပ်နေရတယ်”ဟုဆက်သွယ်ကျေးရွာမှလယ်ရှင်ဦးအောင်ငွေက ပြောသည်။

တစ်နှစ်ထက်တစ်နှစ်ကောက်ရိတ်သိမ်းရာသီရောက်တိုင်း လုပ်သားရှားပါးလာခြင်းကြောင့်၂၀၁၅ခုနှစ်မှစပြီးလယ်ရှင်အချို့ရိတ်သိမ်းခြွေလှေ့စက်များအား တစ်ဧက(၄၅၀၀၀)ကျပ်မှ (၅၅၀၀၀)ကျပ်ထိ ဈေးနှုန်းများပေးကာဌားရမ်းရိတ်သိမ်းခဲ့ရကြောင်းလည်းသိရသည်။

မုဒုံမြို့နယ်တွင် စပါးစိုက်တောင်သူ(၁၀၀၀၀)ကျော်ပိုင်ဆိုင်သော မိုးစပါးစိုက်ဧက(၇၇၇၄၂)ပေါ်တွင်ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှလာရောက်လုပ်ကိုင်သူများပြားပြီး ဒေသတွင်မှလုပ်ကိုင်သူအနည်းငယ်သာရှိကြောင်းလည်းသိရှိသည်။

ယခုနှစ် ကောက်ရိတ်သိမ်းချိန်လုပ်သားအချိန်မှီရရှိရေးအတွက် တစ်ဧက(ပုတ်ပြတ်)၃၅၀၀၀ကျပ်၊နေ့စား၊ထမင်းတစ်နပ်ကျွေး ကျား(၅၀၀၀)ကျပ်နှင့်မ(၄၀၀၀)ကျပ်ဖြင့် ဈေးဖွင့်တောင်းယူလျှက်ရှိပြီးယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင်ဈေးကြီးမြင့်ကြောင်းလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.